Posts

Showing posts from March, 2019

အင်္ဂလိပ်စာနှင့် နည်းပညာ

Image
မိမိကိုယ်တိုင် ရေးသားထားသည်ဖြစ်စေ၊ မိမိ ကျောင်းသူ/သားများ ရေးသားထားသည် ဖြစ်စေ မည်သည့် အင်္ဂလိပ်စာပိုဒ်၊ စာပုဒ်ကိုမဆို Scribens ကို အသုံးပြုပ၍ ဝါကျ၊ သဒ္ဒါအထားအသို၊ ဝေါဟာရအသုံးပြုမှုနှင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတအသုံးပြုမှုတို့ကို စစ်ဆေးနိုင်ပါတယ်။ ၁။ ပထမဦးစွာ မိမိစစ်ဆေးမှု ပြုလိုသည့် စာပိုဒ်၊ စာပုဒ်များကို copy ကော်ပီကူးယူလိုက်ပါ။ ၂။ ထို့နောက် ဝဘ်ဆိုဒ်သို့ သွားပါ။ ဝဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။ https://www.scribens.com/ ပုံထွက်မှာ ပုံ ၁ ပါအတိုင်း ဖြစ်သည်။ ၃။ မိမိ စစ်ဆေးလိုသည့် စာပိုဒ်၊ စာပုဒ်ကို အလယ်တွင် နေရာပေးထားသည့် အကွက်တွင် ကူးထည့် (paste လုပ်) လိုက်ပါ။ နမူနာပုံကို ပုံ ၂ တွင် တွေ့မြင်နိုင်ပါသည်။ ၄။ ထို့နောက် ဘားတန်းတွင် တွေ့ရသည့် Check ဟူသည့် စကားလုံး ရှိသည့် အနီရောက်အကွက်ကို နှိပ်လိုက်ပါ။ ထိုအခါ အချို့သောစာသားများ၏ အရောင် ပြောင်းလဲသွားသည်ကို ပုံ ၃ တွင် တွေ့မြင်နိုင်ပါသည်။ ယင်းစာသားများအပေါ် ထောက်ကြည့်ခြင်းအားဖြင့် အဆိုပါစာသားများက မည်သည့် (သဒ္ဒါ) စည်းမျဉ်းဥပဒေသများနှင့် ကိုက်ညီမှု မရှိကြောင်း၊ မည်ကဲ့သို့ ပြင်ဆင်ရေးသင့်ကြောင်းကို အကြံပြုထားသည့် အကြံပြုချက်များကို...