အင်္ဂလိပ်စာနှင့် နည်းပညာ
မိမိကိုယ်တိုင် ရေးသားထားသည်ဖြစ်စေ၊ မိမိ ကျောင်းသူ/သားများ ရေးသားထားသည် ဖြစ်စေ မည်သည့် အင်္ဂလိပ်စာပိုဒ်၊ စာပုဒ်ကိုမဆို
Scribens ကို အသုံးပြုပ၍ ဝါကျ၊ သဒ္ဒါအထားအသို၊ ဝေါဟာရအသုံးပြုမှုနှင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတအသုံးပြုမှုတို့ကို စစ်ဆေးနိုင်ပါတယ်။
၁။ ပထမဦးစွာ မိမိစစ်ဆေးမှု ပြုလိုသည့် စာပိုဒ်၊ စာပုဒ်များကို copy ကော်ပီကူးယူလိုက်ပါ။
၂။ ထို့နောက် ဝဘ်ဆိုဒ်သို့ သွားပါ။ ဝဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
https://www.scribens.com/
ပုံထွက်မှာ ပုံ ၁ ပါအတိုင်း ဖြစ်သည်။
၃။ မိမိ စစ်ဆေးလိုသည့် စာပိုဒ်၊ စာပုဒ်ကို အလယ်တွင် နေရာပေးထားသည့် အကွက်တွင် ကူးထည့် (paste လုပ်) လိုက်ပါ။ နမူနာပုံကို ပုံ ၂ တွင် တွေ့မြင်နိုင်ပါသည်။
၎။ ထို့နောက် ဘားတန်းတွင် တွေ့ရသည့် Check ဟူသည့် စကားလုံး ရှိသည့် အနီရောက်အကွက်ကို နှိပ်လိုက်ပါ။ ထိုအခါ အချို့သောစာသားများ၏ အရောင် ပြောင်းလဲသွားသည်ကို ပုံ ၃ တွင် တွေ့မြင်နိုင်ပါသည်။
ယင်းစာသားများအပေါ် ထောက်ကြည့်ခြင်းအားဖြင့် အဆိုပါစာသားများက မည်သည့် (သဒ္ဒါ) စည်းမျဉ်းဥပဒေသများနှင့် ကိုက်ညီမှု မရှိကြောင်း၊ မည်ကဲ့သို့ ပြင်ဆင်ရေးသင့်ကြောင်းကို အကြံပြုထားသည့် အကြံပြုချက်များကို တွေ့မြင်ရမည် ဖြစ်သည်။
၅။ စာပိုဒ်၊ စာပုဒ် ရှိရာ၏ တစ်ဖက်တချက်တွင် ‘style’ ‘synonyms’ နှင့် ‘statistics’ ဆိုင်ရာ အချက်အလက်များကို စစ်ဆေးပြသထားသည်ကိုလည်း လေ့လာကြည့်နိုင်သည်။ ဥပမာအားဖြင့် ‘style’ အောက်တွင်ရှိသည့် ‘Vocabulary enhancement’ မှ ‘Words and phrases’ ကို ရွေးချယ်လိုက်သည့်အခါ ပုံ ၄ ပါအတိုင်း စာသားများအပေါ်ကို အဝါရောင်ဟိုက်လိုက်ဖြင့် တွေ့မြင်ရနိုင်သည်။
ယင်းစာလုံးများအပေါ် ထောက်ကြည့်ခြင်းအားဖြင့် အဆိုပါဝေါဟာရများက မည်သည့် စည်းမျဉ်းဥပဒေသများနှင့် ကိုက်ညီမှု မရှိကြောင်း၊ မည်ကဲ့သို့ ပြင်ဆင်ရေးသင့်ကြောင်းကို အကြံပြုထားသည့် အကြံပြုချက်များကို တွေ့မြင်ရမည် ဖြစ်သည်။
မှတ်ချက်။ ။ Scribens သည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာပိုဒ်၊ စာပုဒ်များကိုသာ စစ်ဆေးပေးနိုင်ပါသည်။
ဤလင်းခ် [https://goo.gl/mYuQj1] တွင် အထက်ပါဆောင်းပါးကို pdf ဖိုင်ဖြင့် ရနိုင်ပါသည်။

Comments
Post a Comment