စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

Key words: တက္ကသိုလ်ဝင်တန်းမြန်မာစာ၊ စာစီစာကုံး၊ PlanBeforeYouWrite စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း နိဒါန်းဆောင်းပါး (ဆောင်းပါး အပိုင်း ၁) မှာ တက္ကသိုလ်ဝင် မြန်မာစာမှာ စာစီစာကုံးမေးခွန်း အမှတ်စဉ် ၆။ ခ အတွက် (ပြင်ဆင်ချိန် ၅ မိနစ် အပါအဝင်) စုစုပေါင်း မိနစ် ၂၀ ပဲ အသုံးပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မေးခွန်းထဲမှာ စာလုံးရေ (ဒါမှမဟုတ် စာကြောင်းရေ၊ စာပိုဒ် စသဖြင့်) ကန့်သတ်ထားတာ မရှိပေမဲ့ နိဒါန်း ၁ ပိုဒ်၊ စာကိုယ် ၂ ပိုဒ် နဲ့ နိဂုံး ၁ ပိုဒ် ရေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ဟာ ၁၀ တန်း မြန်မာစာ သင်တဲ့ ဆရာ/မတွေ၊ ကျောင်းသူ/သားတွေ ပိုမိုရင်းနှီးတဲ့ နိဒါန်း (၁ ပိုဒ်)၊ စာကိုယ် (၁ ပိုဒ်)၊ နိဂုံး (၁ ပိုဒ်) ဖော်မြူလာနဲ့ အနည်းငယ် ကွဲလွဲပါတယ်။ ဒီဆောင်းပါးမှာ စာပိုဒ်တစ်ပိုဒ်ထဲမှာ အဓိက အိုင်ဒီယာ (ပင်မ အတွေး) တစ်ခုပဲ ပါဝင်သင့်တယ် ဆိုတဲ့ အယူအဆအပေါ်အခြေခံထားတဲအတွက် စာစီစာကုံးတစ်ပုဒ်မှာ စာကိုယ် ၁ ပိုဒ်ထဲပဲ ရေးရတာ ကျောင်းသူ/သားတွေအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ပင်မအတွေး တစ်ခုမက ရှိနေနိုင်တဲ့အတွက် စာကိုယ် ၂ ပိုဒ်ေ...