IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂


IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်း ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုခဲ့ပါသည်။ အမှတ်ပေးစည်းမျဉ်းပါ အဓိကအချက် ၄ ချက်အနက် “IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁” တွင် task achievement (ရမှတ် ၇ မှတ်အတွက်) တွင် ဖော်ပြပါရှိသည့် အချက်များကို အသုံးပြုဆန်းစစ်ခဲ့ပါသည်။ ဆန်းစစ်ချက်အရ နမူနာအက်ဆေးတွင် မေးခွန်းမှ ဖြေဆိုလိုသည့် အချက်များ ပြည့်ပြည့်စုံစုံ ပါဝင်သော်လည်း ယေဘုယျဆန်သည့် ဝါကျအချို့ကြောင့် စာဖတ်သူ၏ နားလည်မှုကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါသည်။ အပိုင်း ၂ တွင် နမူနာအက်ဆေး၏ coherence and cohesion ကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။

အပိုင်း ၁ ကဲ့သို့ပင် နမူနာအက်ဆေးကို အသေးစိတ်လေ့လာမှု ပြုသွားမည် ဖြစ်သည့်အတွက် အက်ဆေးပါ စာပုဒ်များ၊ စာသားများကို ထပ်ခါထပ်ခါအသုံးပြုသွားပါမည်။

မေးခွန်းကို ထပ်မံဖော်ပြ အပ်ပါသည်။

Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words.

နမူနာအဖြေအပြည့်အစုံကိုလည်း ထပ်မံဖော်ပြပါမည်။ ဤအဖြေကို အကြမ်းအားဖြင့် ၇ မှတ် ပေးထားပါသည်။

Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income.

On one hand, I can be very thoughtful about how my money is used as an educated person with financial literacy. I normally research very thoroughly before I purchase something, especially those with a good price. I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape. I also spend my money wisely for my family and friends as they are the people that I care most about. The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.

Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand. Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms. At times, I could end up buying the things that I won’t utilize immediately or in the near future. Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted.

Nevertheless, I reckon that spending one’s own money wisely is the essential skill one could possess, especially for those who have a desire for more successful lives. As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now. (309 words)

Coherence နှင့် cohesion မှာ IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်းတွင် စာစစ်သူများက အထူးပြုစစ်ဆေးသည့် ဧရိယာ ၄ ခု အနက်တစ်ခု ဖြစ်သည်။ ကျန်ဧရိယာ ၃ ခုမှာ

1.     Task achievement

2.     --

3.     Lexical resource (vocabulary)

4.     Grammatical range and accuracy တို့ ဖြစ်ကြသည်။

ဤနမူနာအက်ဆေးကို ၇ မှတ်ဟု အကြမ်းဖျင်း သတ်မှတ်ထားရာ ၇ မှတ်နှင့် ထိုက်တန်သည့် coherence and cohesion တွင် အောက်ပါအသေးစိတ်အချက်များ ပါဝင်သည်။

Coherence and cohesion

·      logically organises information and ideas; there is clear progression throughout (အက်ဆေးပါ အချက်အလက်များ၊ အိုင်ဒီယာအတွေးများကို ယုတ္တိရှိရှိအစီအစဉ်တကျ နေရာချထားသလား? နိဒါန်းမှ အချက်အလက်များကို နိဂုံးရောက်သည့်တိုင် သိုင်းဝိုင်းချဲ့ထွင်ရေးထားသလား?)

·      uses a range of cohesive devices appropriately although there may be some under-/over-use (ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ်ကို အနက်ဆက်စပ်ပေးသည့် စကားလုံး/စကားရပ်များကို သင့်တင့်သည့်အတိုင်းအတာ (မနည်းလွန်း/မများလွန်း) အထိ အသုံးပြုထားသလား?)

·      presents a clear central topic within each paragraph (စာတစ်ပိုဒ်စီတိုင်းတွင် ရှင်းလင်းတိကျသည့် ဦးဆောင်ဝါကျ (အဓိကအိုင်ဒီယာ) ပါဝင်သလား?)

အက်ဆေးပါ အချက်အလက်များ၊ အိုင်ဒီယာအတွေးများကို ယုတ္တိရှိရှိအစီအစဉ်တကျ နေရာချထားသလား? (logically organises information and ideas) နှင့် နိဒါန်းမှ အချက်အလက်များကို နိဂုံးရောက်သည့်တိုင် သိုင်းဝိုင်းချဲ့ထွင်ရေးထားသလား? (there is clear progression throughout) ဟူသည့်အချက်တို့ကို ကြည့်လျှင် အတော်အတန်ပင် အစီအစဉ်တကျရှိသည်ဟု သုံးသပ်ရပါသည်။ စာဖြေသူသည် နိဒါန်းကို (လူအားလုံးနှင့် သက်ဆိုင်သည့်) ယေဘုယျဆန်သည့် ဝါကျများနှင့် အစပြုထားပြီး ၎င်း၏ ရပ်တည်ချက် (အတွေ့အကြုံ) နှင့် အဆုံးသတ်ထားသည်။ စာဖြေသူ၏ ရပ်တည်ချက်တွင် ငွေကြေးအသုံးပြုမှုနှင့် ပတ်သက်ပြီး (တချို့အချိန်များတွင် ပိုက်ဆံကို အထူးဂရုပြုသုံးစွဲတတ်သူအနေနှင့်လည်းကောင်း၊ တချို့အချိန်များတွင်မူ ဖြစ်ကတတ်ဆန်း သုံးဖြုန်းတတ်သူအနေနှင့်လည်းကောင်း) ရောပြွမ်းသည့်ရပ်တည်ချက်ကို တွေ့ရသည်။ စာကိုယ်၏ ပထမစာပိုဒ်တွင် စာဖြေသူအနေဖြင့် ငွေကြေးကို မည်ကဲ့သို့စေ့စပ်သေချာစွာ သုံးစွဲတတ်ကြောင်း ဥပမာဝါကျများနှင့် သိုင်းဝိုင်းဖော်ပြထားပြီး ဒုတိယစာပိုဒ်တွင်လည်း ၎င်းရင်ဆိုင်ကြုံတွေ့ရသည့် ငွေကြေးသုံးစွဲမှုဆိုင်ရာ ပြဿနာများကို အလားတူဥပမာပြဝါကျများ ပေါင်းစပ်ချဲ့ထွင်ဖော်ပြထားသည်။ နိဒါန်းတွင် ရေးသားခဲ့သည့်ပုံစံအတိုင်းပင် နိဂုံး၏ အစဝါကျသည် (လူအများသည့် စပ်ဆိုင်သည့်) “လူတိုင်း ပိုက်ဆံကို စနစ်တကျသုံးစွဲတတ်သင့်သည်” ဟူသည့် ယေဘုယျသဘောတရားဆန်သည့် ဝါကျအဖြစ်ရေးသားထားပြီး အဆုံးသတ်တွင် စာဖြေသူ၏ ငွေကြေး၊ ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်သည့် မျှော်လင့်ချက်ကို ထည့်သွင်းဖော်ပြထားသည်။ အက်ဆေးသည် စလယ်ဆုံး သင့်တင့်လျောက်ပတ်သည့် ဥပမာဝါကျ (စာဖြေသူ၏ကိုယ်ပိုင်အတွေ့အကြုံ) များဖြင့် ချောမွေ့သည့်အစီအစဉ်တစ်ခုဖြင့် ရေးသားထားကြောင်း သုံးသပ်ရပါသည်။

ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ်ကို အနက်ဆက်စပ်ပေးသည့် စကားလုံး/စကားရပ်များကို သင့်တင့်သည့်အတိုင်းအတာ (မနည်းလွန်း/မများလွန်း) အထိ အသုံးပြုထားသလား? (uses a range of cohesive devices appropriately although there may be some under-/over-use) ဟူသည့်အချက်ကို သုံးသပ်ကြည့်ပါမည်။ နိဒါန်းနှင့် နိဂုံးတွင် မိမိအကြောင်းဖော်ပြသည့်အခါ as for me/as a person ဟူသည့် စကားရပ်များကို စာဖြေသူအသုံးပြုထားသည်။ Especially ကို အကြောင်းအရာတစ်ရပ်ရပ်ကို အထူးပြုပြောလိုသည့်အခါ သုံးထားသည်။ ဥပမာအားဖြင့် စာကိုယ်ပထမစာပိုဒ်တွင် especially those with a good price ဟုလည်းကောင်း၊ နိဂုံးစာပိုဒ်တွင် especially for those who have a desire for more successful lives ဟုလည်းကောင်း ရေးသားထားသည်။ (အဆိုးဆုံးဖြစ်သည့်) အကြောင်းအရာ/အခြေအနေ (ဤနေရာတွင် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်သည့် စာဖြေသူ၏ သဘောမကျဆုံးအတွေ့အကြုံ) ကို ဖော်ပြရန် Worst of all ကို အသုံးပြုထားသည်ကိုလည်း တွေ့ရသည်။

စာကိုယ်ပထမစာပိုဒ် နှင့် ဒုတိယစာပိုဒ်တို့၏ ကွဲပြားသည့်သဘောသဘာဝကို On one hand/on the other hand အတွဲကိုသုံး၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ Also ကို အနက်ဆင်တူသည့် အကြောင်းအရာများ ထပ်ပေါင်းဖောပြရာတွင် စာဖြေသူ သုံးစွဲထားသည်ကိုလည်း တွေ့ရသည်။ … I also spend my money wisely နှင့် …money that I use also goes to… also အသုံး ၂ ခုလုံးကို စာကိုယ်ပထမစာပိုဒ်တွင် တွေ့ရသည်။ ဆန့်ကျင်ဘက်အနက်ရှိသည့် စာပိုဒ် (အိုင်ဒီယာအတွေးများ) အတွက် However (စာကိုယ်ဒုတိယစာပိုဒ်) နှင့် Nevertheless (နိဂုံး) တို့ကို သုံးထားသည်။ ဆန့်ကျင်ဘက်အနက်ရှိသည့် ဝါကျ ၂ ခုကို Despite the fact that/still အတွဲကို အသုံးပြု၍ ဆက်သွယ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် အချိန်ကာလပြ စကားရပ်များ ဖြစ်သည့် Simultaneously နှင့် At times တို့ကိုလည်း အသုံးပြုထားသည်။

အထက်ပါလေ့လာဆန်းစစ်မှုအရ အက်ဆေးသည် ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ်ကို အနက်ဆက်စပ်ပေးသည့် စကားလုံး/စကားရပ်များကို သင့်တင့်မျှတစွာ အသုံးပြုထားကြောင်း တွေ့ရသည်။

ယခုနောက်ဆုံးအနေဖြင့် စာတစ်ပိုဒ်စီတိုင်းတွင် ရှင်းလင်းတိကျသည့် ဦးဆောင်ဝါကျ (အဓိကအိုင်ဒီယာ) ပါဝင်သလား? (presents a clear central topic within each paragraph) ဟူသည့် အချက်ကို ဆန်းစစ်လေ့လာပါမည်။ စာကိုယ်ပထမစာပိုဒ် ပထမဝါကျဖြစ်သည့် I can be very thoughtful about how my money is used as an educated person with financial literacy သည် ယင်းစာပိုဒ်အတွက် ဦးဆောင်ဝါကျ ဖြစ်သည်ဟု ရှင်းလင်းစွာသိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် စာပိုဒ်ပါ အခြားဝါကျများအားလုံးသည် ပထမဝါကျကို အခြေခံကာ သိုင်းဝိုင်းဖော်ပြသည့် ဥပမာဝါကျများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်းကဲ့သို့ပင် I can, however, be quite causual about dealing with my own financial issues on the other hand သည် စာကိုယ်ဒုတိယစာပိုဒ်အတွက် ဦးဆောင်ဝါကျ ဖြစ်သည်။ ကျန်ဝါကျများသည် သက်ဆိုင်ရာဦးဆောင်ဝါကျ၏ အနက်အဓိပ္ပာယ်ကို ပိုမိုပေါ်လွင်ထင်ရှားစေရန် ကူညီထောက်ပံ့ပေးသည့် ဆက်စပ်ဝါကျများ ဖြစ်ကြသည်။ နိဒါန်းနှင့် နိဂုံးစာပိုဒ်တို့တွင် အလားတူဦးဆောင်ဝါကျများ သိသာထင်ရှားစွာ မရှိသော်လည်း ယင်းဝါကျများအားလုံးက စာဖြေသူ၏ ဆိုလိုရင်းနှင့် ရပ်တည်ချက်ကို ပေါ်လွင်စေကြောင်း တွေ့ရသည်။ အထူးသဖြင့် နိဒါန်းရှိ I regard myself as a combination of both – being very careful and not being very careful with how I spend my income ဟူသည့် ဝါကျသည် အက်ဆေးတစ်ပုဒ်လုံး၏ အသက်သွေးကြော ဟူ၍ပင် ပြောနိုင်သည်။ ယင်းကို အက်ဆေးတစ်ပုဒ်လုံး၏ အနှစ်ချုပ်လည်း ဖြစ်သည်။ ထို့ကြောင့် ယခုဆန်းစစ်လေ့လာခဲ့သည့် အက်ဆေးကို အဓိကကျသည့် ဦးဆောင်ဝါကျများ ပါဝင်သည့် စာပိုဒ်များနှင့် စနစ်တကျ ဖွဲ့စည်းထားကြောင်း သုံးသပ်ရပေသည်။

နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါနမူနာအက်ဆေးသည် ဖွဲ့စည်းပုံအရသော်လည်းကောင်း၊ စာပိုဒ်တစ်ပိုဒ်နှင့် တစ်ပိုဒ်၊ စာကြောင်းတစ်ကြောင်းနှင့်တစ်ကြောင်းတို့၏ အချိတ်အဆက်အရ သော်လည်းကောင်း သင့်တင့်မျှတသည့် အက်ဆေးတစ်ပိုဒ်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ရှေ့လာမည့်ဆောင်းပါးများတွင် အောက်ပါအမှတ်ပေးစည်းမျဉ်းဧရိယာများကို အသုံးပြု၍ အထက်ဖော်ပြပါ နမူနာအက်ဆေးကိုပင် လေ့လာဆန်းစစ်မှု ပြုသွားပါမည်။

Lexical resource

·      uses a sufficient range of vocabulary to allow some flexibility and precision

·      uses less common lexical items with some awareness of style and collocation

·      may produce occasional errors in word choice, spelling and/or word formation

Grammatical range and accuracy

·      uses a variety of complex structures

·      produces frequent error-free sentences

·      has good control of grammar and punctuation but may make a few errors

ပထမစစ်ဆေးမှု ဧရိယာတစ်ခုဖြစ်သည့် task achievement ကို အခြေတည် လေ့လာမှုပြုထားသည်ကို IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

စာရှုသူအနေဖြင့် မိမိ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အက်ဆေးများကို အထက်ပါအတိုင်း ဝေဖန်ဆန်းစစ်စေလိုပါက အီးမေးလ်ဖြင့် swezinale@gmail.com သို့လည်းကောင်း၊ Whatsapp ဖြင့် +61466341645 သို့လည်းကောင်း၊ Skype ဖြင့် swezinmm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ https://sites.google.com/view/testreadyielts/quality-checking-services/essays တွင်လည်း ဤဝန်ဆောင်မှုအကြောင်း သွားရောက်လေ့လာနိုင်ပါသည်။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁