IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁
ဤဆောင်းပါးတွင် IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုသွားပါမည်။ နမူနာအက်ဆေးကို အသေးစိတ်လေ့လာမှု ပြုသွားမည် ဖြစ်သည့်အတွက် အက်ဆေးပါ စာပုဒ်များ၊ စာသားများကို ထပ်ခါထပ်ခါအသုံးပြုသွားပါမည်။
မေးခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words.
နမူနာအဖြေအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ဤအဖြေကို အကြမ်းအားဖြင့် ၇ မှတ် ပေးထားပါသည်။
Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income.
On one hand, I can be very thoughtful about how my money is used as an educated person with financial literacy. I normally research very thoroughly before I purchase something, especially those with a good price. I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape. I also spend my money wisely for my family and friends as they are the people that I care most about. The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.
Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand. Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms. At times, I could end up buying the things that I won’t utilize immediately or in the near future. Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted.
Nevertheless, I reckon that spending one’s own money wisely is the essential skill one could possess, especially for those who have a desire for more successful lives. As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now. (309 words)
IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်းတွင် စာစစ်သူများက အထူးပြုစစ်ဆေးသည့် ဧရိယာလေးခုမှာ အောက်ပါအတိုင်းဖြစ်သည်။
1. Task achievement
2. Coherence and cohesion
3. Lexical resource (vocabulary)
4. Grammatical range and accuracy
ဤဆောင်းပါးပထမပိုင်းတွင် ပထမဦးဆုံးဧရိယာဖြစ်သည့် task achievement နှင့် ပတ်သက်၍ ဦးစွာ လေ့လာမှု ပြုသွားပါမည်။ ၇ မှတ်နှင့် ထိုက်တန်သည့် task achievement တွင် အောက်ပါအသေးစိတ်အချက်များ ပါဝင်သည်။
• addresses all parts of the task (အက်ဆေးသည် မေးခွန်းမှ ဖြေဆိုစေလိုသည့်အတိုင်း ရေးသားဖြေဆိုထားခြင်း ဖြစ်ပါသလား?)
• presents a clear position throughout the response (စာဖြေဆိုသူ၏ ဦးတည်ချက်မှာ အက်ဆေးတစ်ပုဒ်လုံးအတိုင်းအတာဖြင့် ရှင်းလင်းမှု ရှိပါသလား?)
• presents, extends and supports main ideas, but there may be a tendency to overgeneralise and/or supporting ideas may lack focus (အဓိကအိုင်ဒီယာကို တင်ပြ၊ ချဲ့ထွင် သိုင်းဝိုင်းရေးသားရာမှာ ယေဘုယျဆန်လွန်းနေသလား၊ တင်ပြသည့်ဥပမာအချက်အလက်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသလား?)
ယခု ပထမဦးစွာ အက်ဆေးသည် မေးခွန်းမှ ဖြေဆိုစေလိုသည့်အတိုင်း ရေးသားဖြေဆိုထားခြင်း ဖြစ်ပါသလား? (addresses all parts of the task) ဟူသည့် အချက်ကို လေ့လာကြည့်ပါမည်။ မေးခွန်းတွင် Which type of person are you? ဟူသည့်အစိတ်အပိုင်းကို စာဖြေသူက အောက်ပါအတိုင်း နိဒါန်းတွင် ဖြေဆိုထားသည်။
As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income. ထို့ကြောင့်မေးခွန်းမှ ဖြေဆိုလိုသည့်အတိုင်း ဖြေဆိုထားသည်ဟု သုံးသပ်ပါသည်။
မေးခွန်းတွင် Use specific reasons and examples to support your response ဟူ၍လည်း ပါပါသည်။ စာကိုယ်၏ ပထမစာပိုဒ်တွင်ပါဝင်သည့် အောက်ပါဝါကျများသည် စာဖြေသူသည် အဘယ်ကြောင့် ငွေကို စနစ်တကျအသုံးပြုသူတစ်ဦးဖြစ်ကြောင်း ရှင်းပြထားသည့် specific reasons and examples များအားလုံးဖြစ်ကြောင်း တွေ့နိုင်သည်။
I normally research very thoroughly before I purchase something, especially those with a good price.
I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape.
I also spend my money wisely for my family and friends as they are the people that I care most about.
The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.
စာကိုယ်၏ ဒုတိယစာပိုဒ်တွင်မူ စာဖြေသူသည် ငွေကို စနစ်တကျအသုံးပြုရန် အခက်အခဲ အနည်းငယ်လည်းရှိကြောင်း အောက်ပါ specific reasons and examples များကို အသုံးပြုဖြေဆိုရေးသားထားပါသည်။
Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms.
At times, I could end up buying the things that I won’t utilize immediately or in the near future.
Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted.
မေးခွန်း၏ နောက်ဆုံးအစိတ်အပိုင်းမှာ You should write at least 250 words ဖြစ်သည်။ အက်ဆေးတစ်ခုလုံးသည် စာလုံးရေ ၃၀၉ လုံး ရှိသည့်အတွက် ဤအချက်ကိုလည်း စာဖြေသူလိုက်နာရေးသားထားကြောင်း တွေ့ရသည်။
Task achievement တွင် ဒုတိယအရေးကြီးသည့်အချက်မှာ စာဖြေဆိုသူ၏ ဦးတည်ချက်မှာ အက်ဆေးတစ်ပုဒ်လုံးအတိုင်းအတာဖြင့် ရှင်းလင်းမှု ရှိပါသလား? (presents a clear position throughout the response) ဟူသည့် အချက်ပင် ဖြစ်သည်။
နိဒါန်းတွင် …, I regard myself as a combination of both – being very careful and not being very careful with how I spend my income ဟု ဖော်ပြထားရာ စာဖြေသူ၏ ရပ်တည်ချက်မှာ ရှင်းရှင်းလင်းလင်းပင် ရှိကြောင်းတွေ့ရပါသည်။ နမူနာအက်ဆေးကို ပြန်ကြည့်လျှင် စာကိုယ်၏ ပထမစာပိုဒ်တွင် စာဖြေသူအနေဖြင့် မိမိပိုက်ဆံကို မည်ကဲ့သို့ အကျိုးရှိရှိ အသုံးချတတ်ပုံ၊ ဒုတိယစာပိုဒ်တွင် တစ်ခါတရံ ငွေကြေးကို ဖြစ်ကတတ်ဆန်း မည်ကဲ့သို့ သုံးဖြုန်းတတ်ပုံကို ဖော်ပြထားသည့်အတွက် ယင်းသည် စာရေးသူ၏ ပဏာမ ရပ်တည်ချက်နှင့် အလွန်တရာပင် ကိုက်ညီမှုရှိကြောင်းတွေ့ရပါသည်။ နိဂုံးတွင်လည်း I reckon that spending one’s own money wisely is the essential skill one could possess, especially for those who have a desire for more successful lives ဟူ၍လည်းကောင်း As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now ဟူ၍လည်းကောင်း ရေးသားထားရာ ယင်းသည် နိဒါန်းနှင့် အက်ဆေးတစ်ခုလုံးတွင် ဖော်ပြထားသည့် စာဖြေသူ၏ အခြေအနေနှင့် ပတ်သက်၍ ၎င်းအနေဖြင့် မည်ကဲ့သို့ ပြုပြင်သွားရန်သဘောထားဆန္ဒရှိကြောင်းဖြင့် အဆုံးသတ်ထားသည်။ ယင်းစိတ်ဆန္ဒသည်ပင် စာဖြေသူ၏ ရပ်တည်ချက်ကို ပိုမိုပေါ်လွင်စေကြောင်း သုံးသပ်ရပါသည်။
Task achievement ၏ နောက်ဆုံးအရေးကြီးသည့် အချက်မှာ အဓိကအိုင်ဒီယာကို တင်ပြ၊ ချဲ့ထွင် သိုင်းဝိုင်းရေးသားရာမှာ ယေဘုယျဆန်လွန်းနေသလား၊ တင်ပြသည့်ဥပမာအချက်အလက်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသလား? (presents, extends and supports main ideas, but there may be a tendency to overgeneralise and/or supporting ideas may lack focus) ဟူသည့် အချက်ဖြစ်သည်။
စာကိုယ်ပထမအပိုဒ်၏ အဓိကအိုင်ဒီယာ ဝါ ဦးဆောင်ဝါကျမှာ On one hand, I can be very thoughtful about how my money is used as an educated person with financial literacy ဖြစ်သည်။ ယင်းကို သိုင်းဝိုင်းချဲ့ထွင်ရေးသားရာတွင် အောက်ပါ ဝါကျများကို အသုံးပြုထားသည်။
I normally research very thoroughly before I purchase something, especially those with a good price.
I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape.
I also spend my money wisely for my family and friends as they are the people that I care most about.
The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.
အထက်ပါဝါကျများအားလုံးသည် စာပိုဒ်၏ ဦးဆောင်ဝါကျနှင့် အလွန်ပင်ဆက်စပ်မှု ရှိသော်လည်း တစ်ကြောင်းချင်းအနေဖြင့် ယေဘုယျဆန်နေသည်ကိုတွေ့ရသည်။ ဥပမာ ပထမဝါကျတွင် စာဖြေသူမည်ကဲ့သို့ research လုပ်ကြောင်းကို အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။
ဒုတိယစာပိုဒ်၏ ဦးဆောင်ဝါကျမှာ Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand ဖြစ်သည်။ ယင်းကို အထောက်အကူဖြစ်ရန်
Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms ကိုလည်းကောင်း၊
At times, I could end up buying the things that I won’t utilize immediately or in the near future ကိုလည်းကောင်း၊
Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted ကိုလည်းကောင်း အသုံးပြုရေးသားထားသည်။ စာကိုယ်ပထမစာပိုဒ်ပါ ဝါကျများကဲ့သို့ပင် ဤဒုတိယအပိုဒ်ရှိ ဝါကျများသည်လည်း ယေဘုယျအနည်းငယ်ဆန်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် မိမိအသုံးမလိုသည့် ပစ္စည်းများ ဝယ်ဖြစ်သည့်အကြောင်း ရေးသားရာတွင် ယင်းပစ္စည်းများသည် မည်ကဲ့သို့သော ပစ္စည်းမျိုး ဖြစ်သည်ကို လည်းကောင်း၊ မိမိအနေဖြင့် ငွေကြေးသုံးစွဲရာတွင် အမှားများ ပြုလုပ်ခဲ့ဖူးသည်ရှိရာ ယင်းတို့မှာ မည်ကဲ့သို့သော အမှားမျိုးများ ဖြစ်သည်ကိုလည်းကောင်း စာဖြေသူအနေဖြင့် ထပ်ဆောင်းဖော်ပြနိုင်သည်။ ထိုကဲ့သို့ဖော်ပြခြင်းအားဖြင့် စာဖတ်သူ (အဆိုပါဝါကျများ) ၏ ဆိုလိုရင်းကို စာဖတ်သူက ပို၍ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်မည် ဖြစ်သည်။
နိဂုံးချုပ်ပါမည်။ ဤဆောင်းပါးတွင် IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုခဲ့ပါသည်။ ယင်းကဲ့သို့ ဆန်းစစ်မှုပြုရာတွင် အမှတ်ပေးစည်းမျဉ်းပါ အဓိကအချက် ၄ ချက်အနက် task achievement (ရမှတ် ၇ မှတ်အတွက်) တွင် ဖော်ပြပါရှိသည့် အချက်များကို အသုံးပြုဆန်းစစ်ခဲ့ပါသည်။ ဖော်ပြပါနမူနာအက်ဆေးတွင် မေးခွန်းမှ ဖြေဆိုလိုသည့် အချက်များ ပြည့်ပြည့်စုံစုံ ပါဝင်သော်လည်း ယေဘုယျဆန်သည့် ဝါကျအချို့ကြောင့် စာဖတ်သူ၏ နားလည်မှုကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါသည်။
ဒုတိယစစ်ဆေးမှု ဧရိယာတစ်ခုဖြစ်သည့် coherence and cohesion ကို အခြေတည် လေ့လာမှုပြုထားသည်ကို IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
ရှေ့လာမည့်ဆောင်းပါးများတွင် အောက်ပါအမှတ်ပေးစည်းမျဉ်းဧရိယာများကို အသုံးပြု၍ အထက်ဖော်ပြပါ နမူနာအက်ဆေးကို လေ့လာဆန်းစစ်မှု ပြုသွားပါမည်။
ဒုတိယစစ်ဆေးမှု ဧရိယာတစ်ခုဖြစ်သည့် coherence and cohesion ကို အခြေတည် လေ့လာမှုပြုထားသည်ကို IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
ရှေ့လာမည့်ဆောင်းပါးများတွင် အောက်ပါအမှတ်ပေးစည်းမျဉ်းဧရိယာများကို အသုံးပြု၍ အထက်ဖော်ပြပါ နမူနာအက်ဆေးကို လေ့လာဆန်းစစ်မှု ပြုသွားပါမည်။
Lexical resource
• uses a sufficient range of vocabulary to allow some flexibility and precision
• uses less common lexical items with some awareness of style and collocation
• may produce occasional errors in word choice, spelling and/or word formation
Grammatical range and accuracy
• uses a variety of complex structures
• produces frequent error-free sentences
• has good control of grammar and punctuation but may make a few errors
စာဖတ်သူအနေဖြင့် မိမိ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အက်ဆေးများကို အထက်ပါအတိုင်း ဝေဖန်ဆန်းစစ်စေလိုပါက အီးမေးလ်ဖြင့် swezinale@gmail.com သို့လည်းကောင်း၊ Whatsapp ဖြင့် +61466341645 သို့လည်းကောင်း၊ Skype ဖြင့် swezinmm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ https://sites.google.com/view/testreadyielts/quality-checking-services/essays တွင်လည်း ဤဝန်ဆောင်မှုအကြောင်း သွားရောက်လေ့လာနိုင်ပါသည်။
မြန်မာနိုင်ငံသားများ မှားထွက်တတ်သည့် အင်္ဂလိပ်သရသံများအကြောင်း ဤဗွီဒီယို (https://youtu.be/05mEysoOLyI) တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Comments
Post a Comment