ပြသနာရှာဖွေဖြေရှင်းနည်းနှင့် အားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်း




 ပြသနာရှာဖွေဖြေရှင်းနည်းနှင့် အားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်း

ကျွန်တော်တို့ပတ်ဝန်းကျင်မှာရုံးမှာအလုပ်ခွင်အတွင်းမှာလုပ်ငန်းစွမ်းဆောင်ရည်မြင့်လာဖို့သုံးသပ်ကြတဲ့အခါဘယ်လိုပြသနာတွေရှိနေသလဲဘာတွေအဆင်မပြေဖြစ်နေသလဲဆိုတာကိုသာအမြဲတမ်းနီးပါးမြင်မိကြပြီးရှိနေတဲ့ပြသနာတွေအားနည်းချက်တွေကိုဖြေရှင်းဖို့ကြိုးစားလေ့ရှိကြပါတယ်။ဒီလိုတွေ့ရှိရတဲ့ပြသနာတွေကိုဖြေရှင်းတဲ့အခါမှာလဲကျွန်တော်တို့တသမတ်တည်းလုပ်နေကြတဲ့နည်းလမ်းလေးခုရှိပါတယ်။ ပထမဦးဆုံးအဆင့်ကတော့မိမိဌာနမှဘာပြသနာတွေဘယ်လိုအားနည်းချက်တွေကြောင့်တိုးတက်မှုမရှိတာလဲတိုးတက်မှုနည်းရတာလဲဆိုတာကိုအရင်ဆုံးပြန်လည်သုံးသပ်တဲ့ပြသနာဖော်ထုတ်တဲ့အဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့လုပ်လေ့လုပ်ထရှိတာကတွေ့ရှိရတဲ့ပြသနာဖြစ်စေတဲ့အကြောင်းရင်းတွေကိုဆန်းစစ်ခြင်းပါ။ ဘယ်လို့အချက်တွေကြောင့်ဒီပြသနာတွေဖြစ်နေသလဲလူကြောင့်လားမူကြောင့်လားအချိန်နဲ့ငွေကြေးစတဲ့အရင်းအမြစ်တွေမလုံလောက်လို့လားစသည်ဖြင့်ပြသနာရဲ့အရင်းအမြစ်မှန်သမျှကိုဆန်းစစ်ပါတယ်။ ပြသနာဘာကြောင့်ဖြစ်လာသလဲသိရတဲ့အခါနောက်တစ်ဆင့်ကျွန်တော်တို့လုပ်ကြတာကဖြစ်နိုင်တဲ့ဖြေရှင်းနည်းတွေပြသနာကိုပြေလည်စေမဲ့နည်းလမ်းအဖွဲ့အစည်းရဲ့အားနည်းချက်တွေကိုကုစားနိုင်မဲ့ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေစဉ်းစားရှာဖွေဖော်ထုတ်ခြင်းပါ။ နောက်ဆုံးအဆင့်အနေနဲ့စဉ်းစားထားတဲ့ပြသနာကိုဖြေရှင်းနိုင်မဲ့ဖြေရှင်းချက်တွေကိုအကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့်မိမိအဖွဲ့အစည်းတိုးတက်ရေးအတွက်ကျွန်တော်တို့အမြဲတမ်းဆောင်ရွက်ကြပါတယ်။ ဒီလိုပြုမူဆောင်ရွက်ခြင်းကမှားယွင်းနေလား? မမှားပါဘူး။အဖွဲ့စည်းတိုးတက်ရေးနဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့အထက်ပါနည်းလမ်းတွေနဲ့ပြသနာတွေအားနည်းချက်တွေကိုဖြေရှင်းဆောင်ရွက်နိုင်ပါတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တော့ရှိပါတယ်။အဖွဲ့အစည်းကိုဦးစီးခေါင်းဆောင်နေသူတွေအနေနဲ့ဒီနည်းလမ်းတွေကိုပဲကျင့်သုံးနေမယ်ဆိုရင်ဝန်ထမ်းတွေရဲ့စိတ်ထဲမှာသူတို့ပါဝင်လုပ်ကိုင်နေရဲ့တဲ့အဖွဲ့အစည်းဆိုတာပြသနာဖြေရှင်းရာနေရာတစ်ခုအဖြစ်သာမြင်လာနိုင်ကြပြီးအကောင်းမြင်စိတ်တက်တက်ကြွကြွပါဝင်လုပ်ဆောင်ချင်စိတ်နဲ့စိတ်စေတနာကောင်းတွေပါလျော့နည်းကျဆင်းလာနိုင်ပါတယ်။ ဒါဆိုတခြားနည်းလမ်းရောရှိသေးလား?တခြားဘယ်လိုနည်းလမ်းနဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုတိုးတက်အေင်လုပ်ကြမလဲ? ဒီနည်းကတော့ခေါင်းဆောင်အနေနဲ့အဖွဲ့အစည်းတွင်းပြသနာကိုရှာဖွေမည့်အစားလက်ရှိရှိနေတဲ့အားသာချက်တွေကိုဖော်ထုတ်ပြီးပိုကောင်းလာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲဖြစ်ပါတယ်။သူ့မှာလဲအဆင့်လေးဆင့်ပါပါတယ်။ ပထမအဆင့်အနေနဲ့အဖွဲ့အစည်းအတွင်းမှာနဲ့ဝန်ထမ်းတွေဆီမှာအားသာချက်ဘာတွေရှိလဲသူတို့ဘယ်လိုအကောင်းဆုံးလုပ်နေကြသလဲဆိုတာစနစ်တကျရှာဖွေဖော်ထုတ်ရပါမယ်။ ဒုတိယအဆင့်ကတော့တွေ့ရှိထားတဲ့အားသာချက်တွေကြောင့်မိမိဖွဲ့အစည်းတိုးတက်ရေးအတွက်ဘယ်လိုအခွင့်အလမ်းတွေရှိလာနိုင်သလဲစိတ်ကူးပုံဖော်ကြည့်ခြင်းပါ။လောလောဆယ်ရှိနေတဲ့မိမိအဖွဲ့အစည်းရဲ့အားသာချက်(အဖွဲ့အစည်းတစ်ခုချင်းစီမှာမတူညီတဲ့အားသာချက်တွေရှိနိုင်ပါတယ်)ကြောင့်ဘယ်လိုအကျိုးကျေးဇူးတွေရှိလာနိုင်မလဲမြင်ယောင်ကြည့်ပါ။ နောက်တစ်ဆင့်မှာတော့ တွေ့ရှိထားတဲ့အားသာချက်တွေကိုသုံးပြီးအဖွဲ့အစည်းတိုးတက်အောင်ပန်းတိုင်ရောက်အောင်အစီစဉ်ဒီဇိုင်းဆွဲရပါမယ်။မိမိအဖွဲ့အစည်းကိုဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်ချင်သလဲဘယ်လိုတိုးတက်အောင်လုပ်ကြမလဲဆိုတာဆုံးဖြတ်ဆောင်ရွက်ရမဲ့အဆင်ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့အဖွဲ့အစည်းရေရှည်ဆက်လက်တိုးတက်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ို့အဖွဲ့အစည်းရဲ့အားသာချက်တွေကိုပိုပြီးအကောင်းဆုံးဖြစ်လာအောင်မြှင့်တင်ပေးဖို့်စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့နဲ့တီထွင်ဖန်တီးနိုင်ဖို့အားထုတ်ရပါမယ်။ ဒီနည်းလမ်းရဲ့ပထမတစ်ခုနဲ့ကွာခြားချက်ကတော့ပြသနာကိုပဲအာရုံစိုက်ဖြေရှင်းနေမဲ့အစားအားသာချက်တွေအောင်မြင်မှုတွေကိုဖော်ထုတ်ပြီးရှေ့ဆက်ပိုကောင်းလာအောင်လုပ်ခြင်းကလူတွေကိုပိုပြီးစိတ်ပါဝင်စားလာအောင်လုပ်နိုင်ခြင်းပါပဲ။လူတိုင်းကသူတို့အောင်မြင်မှုတွေအားသာချက်တွေပြန်လည်ပြောဆိုဖော်ထုတ်ရမှာကိုစိတ်အားထက်သန်ကြတဲ့အတွက်ဒီနည်းလမ်းကိုသုံးခြင်းအားဖြင့်အဖွဲ့အစည်းတွင်းအကောင်းမြင်စိတ်တွေပိုရှိလာနိုင်ပြီးအလုပ်လုပ်ဖို့လှုံဆော်ပေးရာမှာလဲအများကြီးအထောက်အကူပြုပါတယ်။ အားသာချက်ရှာဖွေတဲ့နေရာမှာလဲလူတိုင်းပါဝင်ဆောင်ရွက်ခွင့်ပေးခြင်အားဖြင့်အဖွဲ့အစည်းအတွင်းပူးပေါင်းဆောင်ရွက်မှုကိုအားပေးရာရောက်ပြီးကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်လာနိုင်ပါတယ်။ အားနည်းချက်ပြသနာတွေထက်အားသာချက်တွေကောင်းကွက်တွေကိုရှာဖွေဖော်ထုတ်ပေးခြင်းကြောင့်ခေါင်းဆောင်နဲ့လက်အောက်ငယ်သားဆက်ဆံရေးကိုလဲပိုမိုချောမွေ့အဆင်ပြေစေပါတယ်။ အိမ်ထောင်စုအတွင်းမှာကိုယ်ပိုင်လုပ်ငန်းမှာပညာရေးစီးပွားရေးဆိုင်ရာလူတွေနဲ့ပတ်သက်လုပ်ကိုင်ရတဲ့ဘယ်အဖွဲ့အစည်းမှာမဆိုခေါင်းဆောင်တစ်ယောက်အနေနဲ့ပြသနာရှာဖွေဖြေရှင်းနည်းရောအားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်းပါသေချာနားလည်ပြီးအခြေနေနဲ့အချိန်အခါအလိုက်အသုံးပြုနိုင်မယ်ဆိုရင်ရလဒ်ကောင်းတွေရလာနိုင်ပါတယ်။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁