IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၃
ဤဆောင်းပါးတွင် အောက်ပါ IELTS Writing Task 2 နမူနာမေးခွန်း နှင့် အဖြေတို့ကို IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်းထဲမှ lexical resource (vocabulary) ဝေါဟာရအသုံးပြုမှုအပိုင်းကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။
မေးခွန်း
Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words.
နမူနာအဖြေ (အကြမ်းအားဖြင့် ၇ မှတ်ပေးထားပါသည်။)
Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income.
On one hand, I can be very thoughtful about how my money is used as an educated person with financial literacy. I normally research very thoroughly before I purchase something, especially those with a good price. I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape. I also spend my money wisely for my family and friends as they are the people that I care most about. The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.
Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand. Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms. At times, I could end up buying the things that I won’t utilize immediately or in the near future. Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted.
Nevertheless, I reckon that spending one’s own money wisely is the essential skill one could possess, especially for those who have a desire for more successful lives. As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now. (309 words)
အမှတ်ပေးစည်းမျဉ်းထဲတွင် ၇ မှတ် နှင့် ထိုက်တန်သည့် ဝေါဟာရ (lexical resource (vocabulary) အသုံးပြုနိုင်မှုရှိသည့် အက်ဆေးများတွင် အောက်ပါအချက်များ ပါဝင်ကြောင်း ဖော်ပြထားသည်။
• uses a sufficient range of vocabulary to allow some flexibility and precision (စကားလုံးဝေါဟာရကြွယ်ဝမှု ဘယ်လောက်ရှိသလဲ? စကားလုံးအသုံး ပိုင်နိုင်မှုရှိသလား? လိုအပ်သည့် စကားရပ်များကို အဓိပ္ပာယ် အတိအကျ သုံးနိုင်သလား?)
• uses less common lexical items with some awareness of style and collocation (အဖန်တလဲလဲ သုံးတတ်သည့် ဝေါဟာရစကားများကိုပင် အသုံးပြုထားသလား? ခေါင်းစဉ်/မေးခွန်းအခြေအနေနှင့် ကိုက်ညီသည့် စကားလုံးများ အထူးသဖြင့်ပညာရပ်ဆိုင်ရာ စကားလုံးများကို အသုံးပြုထားသလား? တွဲဆက်အသုံးပြုရသည့် စကားလုံးများကို မှန်မှန်ကန်ကန် အသုံးပြုထားသလား?)
• may produce occasional errors in word choice, spelling and/or word formation (စကားလုံးရွေးချယ်မှု၊ စာလုံးပေါင်း၊ စာလုံးဖွဲ့စည်းတည်ဆောက်ပုံ အမှားများ ဘယ်လောက်ပါသလဲ?)
ယခု ပထမဦးဆုံး လေ့လာမည့်အချက်သည် ‘စကားလုံးဝေါဟာရကြွယ်ဝမှု ဘယ်လောက်ရှိသလဲ?’ (uses a sufficient range of vocabulary to allow some flexibility and precision) ဟူသည့်အချက်ဖြစ်သည်။ ‘စကားလုံးအသုံး ပိုင်နိုင်မှုရှိသလား? လိုအပ်သည့် စကားရပ်များကို အဓိပ္ပာယ် အတိအကျ သုံးနိုင်သလား?’ စသည့် အချက်များကို သုံးသပ်ရန် တာဝန်ပိုကြီး၊ အချိန်ပိုပေးရမည်၊ စာပိုရှည်မည် ဖြစ်သည့်အတွက် ချန်လှပ်ခဲ့ပါမည်။
အကြောင်းအရာ (သို့မဟုတ် မိမိအတွေ့အကြုံ) တစ်ခုခုကို ဝေါဟာရကြွယ်ဝစွာဖြင့် ရေးသားဖော်ပြနိုင်ရန် ယင်းအကြောင်းအရာနှင့်ပတ်သည့် အခြေခံဗဟုသုတနှင့် နားလည်မှု ရှိရမည်ဟု ထင်ပါသည်။ အဆိုပါနားလည်မှုသို့ရောက်အောင် အက်ဆေးမေးခွန်းက လမ်းညွှန်ပေးနိုင်သည်။ နမူနာအက်ဆေးက မေးခွန်း၏ လမ်းပြညွှန်ကြားမှုအပေါ် အဘယ်မျှ လိုက်နာထားကြောင်း လေ့လာကြည့်ပါမည်။ မေးခွန်းပါ အဓိက ဝေါဟာရ (key vocabulary) များသည် ယင်းမေးခွန်း၏ ဝေါဟာရဆိုင်ရာ လမ်းပြမြေပုံပင်ဖြစ်သည်။ မေးခွန်းတွင် အောက်ပါ အဓိကစကားလုံးများကို တွေ့ရပါမည်။
တစ်ဖက်တွင်
Casual/handling/money နှင့်
အခြားတစ်ဖက်တွင်
Budget/money/carefully
စကားအသွားအလာ (စကားအဆက်အစပ်) အရ casual သည် careful(ly) နှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ထွက်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။ ဤဝေါဟာရ ၂ ခုသည် အနက်အဓိပ္ပာယ်အရ (ဆန့်ကျင်ဘက်ဆိုသော်လည်း) နီးစပ်သည့် စကားလုံးများ ဖြစ်ကြသည်ဟု ဆိုပါမည်။ အလားတူ money နှင့် budget သည်လည်း အဓိပ္ပယ်ဆင်တူသည့် စကားလုံးများ ဖြစ်သည်ဟု သိသူများမည် ထင်ပါသည်။
နမူနာအက်ဆေးတွင် အထက်ပါ စကားလုံးများနှင့် ဆက်စပ်ပြီး စာဖြေသူက ဝေါဟာရကို ကြွယ်ဝစွာ အသုံးပြုသွားနိုင်သည်ကို တွေ့ရမည် ဖြစ်သည်။
Casual နှင့် ဆက်စပ်၍ not being very careful, casual, weak စသည့် စကားလုံး/ရပ်များကိုလည်းကောင်း၊
Carefully နှင့် ဆက်စပ်၍ careful, thoughtful, research very thoroughly, decide, wisely (x2), care most about, successful (lives), aware of စသည့် စကားလုံး၊ စကားလုံးအတွဲများကိုလည်းကောင်း၊
Handling နှင့် ဆက်စပ်၍ spend (x2), buy/buying, purchase, price, use, made (investments), dealing, waste စသည့် စကားလုံးများကိုလည်းကောင်း၊
Money/Budget နှင့် ဆက်စပ်၍လည်း money, income, financial (x5) (financial + literacy/issues/records/mistakes/resources), price, amount (of money), investments, account(ant), accounting, budgeting, expenses စသည့် စကားလုံး/ရပ်များကိုလည်းကောင်း သုံးသွားသည်ကို လေ့လာတွေ့ရှိရပါသည်။
မေးခွန်းပါစကားလုံးများကို ပြန်သုံးထားသည့် အခြေအနေကို တွေ့ရသည့်အပြင် အချို့စကားလုံးများကို တစ်ကြိမ်မက သုံးစွဲသွားသည်ကို တွေ့ရသည်။ အထူးသဖြင့် financial ဆိုသည့် စကားလုံးကို အခြား မတူညီသည့် ဝေါဟာရများနှင့် ၅ ကြိမ်တိုင်တိုင် အသုံးပြုထားသည်ကို တွေ့ရသည်။ စာဖြေဆိုသူ၏ ဝေါဟာရကြွယ်ဝမှုတွင် အကန့်အသတ် ရှိနိုင်သည်ဟု ဆိုနိုင်သော်လည်း ၇ မှတ်နှင့် ထိုက်တန်သည့် ဝေါဟာရအသုံး ကြွယ်ဝမှု ရှိသည်ဟု ကောက်ချက်ချပါမည်။ တစ်ပြိုင်တည်းတွင် မေးခွန်းပါ ဝေါဟာရများကို အခြေခံပြီး တစ်နည်း မေးခွန်း၏ လမ်းညွှန်မှုကို လိုက်နာပြီး စကားလုံးများကို ရွေးချယ်အသုံးပြုသွားသည်ကိုလည်း တွေ့ရသည်။
နောက်ထပ်လေ့လာမည့်အချက်သည် “အဖန်တလဲလဲ သုံးတတ်သည့် ဝေါဟာရစကားများကိုပင် အသုံးပြုထားသလား? ခေါင်းစဉ်/မေးခွန်းအခြေအနေနှင့် ကိုက်ညီသည့် စကားလုံးများ အထူးသဖြင့်ပညာရပ်ဆိုင်ရာ စကားလုံးများကို အသုံးပြုထားသလား? တွဲဆက်အသုံးပြုရသည့် စကားလုံးများကို မှန်မှန်ကန်ကန် အသုံးပြုထားသလား?” (uses less common lexical items with some awareness of style and collocation) ဟူသည့် အချက်ဖြစ်သည်။
အထက်ဖော်ပြပါစာပိုဒ်များတွင် နမူနာအက်ဆေးအဖြေသည် သက်ဆိုင်ရာမေးခွန်း၏ ညွှန်ကြားမှုကို ဂရုတစိုက် လိုက်နာလျက် ဝေါဟာရများကို ရွေးချယ်အသုံးပြုထားကြောင်း လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ယင်းဝေါဟာရများတွင် တွေ့မြင်နေကျစကားလုံးများသာ ပါပါသလား? မည်သည့်စကားလုံးများသည် အဖန်တလဲလဲသုံးတတ်သည့် စကားလုံးများဖြစ်သည် သို့မဟုတ် မည်သည့်စကားလုံးများသည့် အသုံးနည်းသည့်စကားလုံးများဖြစ်သည် ဟူသည့်အချက်သည် ဆုံးဖြတ်ရခက်သည့် အချက်ဖြစ်သည်။ သို့သော် IELTS writing အတွက် စာစစ်သူများက စာဖြေသူများကို အထူးအသုံးပြုစေလိုသည့် ဝေါဟာရများသည် တွေ့မြင်နေကျမဟုတ်သည့် ပညာရပ်ဆိုင်ရာ (academic) စကားလုံးများ ဖြစ်ကြောင်း အကြမ်းဖျင်း မှတ်ယူနိုင်သည်။ အထက်တွင် ဖော်ပြခဲ့သည့် မေးခွန်း key word များအပေါ် အခြေခံထားသော ဝေါဟာရစာရင်းကို ပြန်ကြည့်လျှင် တွေ့မြင်နေကျ နှင့် တွေ့မြင်နေကျမဟုတ်သည့် စကားလုံးများကို အောက်ပါအတိုင်း ခွဲခြားနိုင်မည်။
တွေ့မြင်နေကျများမှာ အောက်ပါစကားလုံးများ ဖြစ်နိုင်သည်။
Very careful, weak, spend, buy/buying, price, use, made (investments), dealing, waste money price, amount (of money), expenses, money
တွေ့မြင်နေကျမဟုတ်သည့် စကားလုံးများတွင် အောက်ပါဝေါဟာရများ ပါဝင်နိုင်သည်။
Casual, thoughtful, research very thoroughly income, financial (e.g. financial + literacy/issues/records/mistakes/resources), investments, account(ant), accounting, budgeting
တွေ့မြင်နေကျမဟုတ်သည့် အခြားစကားလုံးများကိုလည်း နမူနာအက်ဆေးတွင် နောက်ထပ်တွေ့နိုင်သည်။ ဥပမာအားဖြင့် personality trait, combination, ultimately, boost, medium-term, utilize, conducted, reckon အစရှိသည့် စကားလုံးများကို ပုံမှန်တွေ့မြင်နေကျ ဝေါဟာရစကားလုံးများ မဟုတ်ဟု သတ်မှတ်နိုင်သည်။ စာဖြေသူ၏ ဝေါဟာရအသုံးပြုမှုသည် ၈ သို့မဟုတ် ၉ မှတ်နှင့် ထိုက်တန်နိုင်လောက်သည့် ပညာရပ်ပိုဆန်သည့် အနေအထားမျိုးအထိ မရှိသော်လည်း အတွေ့ရနည်းသည်ဟု ယူဆနိုင်သည့် စကားလုံးများကို ကြိုးစားအသုံးပြုထားသည်ကို တွေ့ရသည်။ ပို၍အရေးကြီးသည့် အချက်မှာ နမူနာအက်ဆေးတွင် စာဖြေသူအသုံးပြုထားသည့် တွေ့မြင်နေကျ စကားလုံးများ၊ တွေ့မြင်နေကျ မဟုတ်သည့် စကားလုံးများ အများစုမှာ မေးခွန်းခေါင်းစဉ်နှင့် အလွန်ပင် ဆက်စပ်မှုရှိသည်ဟူသည့် အချက်ပင်ဖြစ်သည်။ မေးခွန်းဘောင်အတွင်း ဝင်ခြင်း၊ မဝင်ခြင်းကို အလေးမထားဘဲ အဆင့်မြင့်စကားလုံးများ (big words) ကို ဖောင်းပွစွာ အသုံးပြုထားသည့် အနေအထားမျိုးကိုမူ မတွေ့ရပေ။
အောက်ပါ collocation (တွဲဆက်အသုံးပြုရသည့် စကားလုံး) များကိုလည်း စုံစုံလင်လင် အသုံးပြုထားသည်ကို တွေ့ရသည်။
Spend (their/my) money, as for me, regard myself as (a combination of both), good price, keep myself in shape, spend money wisely, amount of money, keping (daily financial) records, worst of all, essential skill, desire for (more) successful lives, big dream of becoming wealthy, remind myself to (become…), become (more and more) aware of (my expenses) စသဖြင့်။
ဤဆောင်းပါးတွင် နောက်ဆုံးအနေဖြင့် လေ့လာမည့် အချက်မှာ “စကားလုံးရွေးချယ်မှု၊ စာလုံးပေါင်း၊ စာလုံးဖွဲ့စည်းတည်ဆောက်ပုံ အမှားများ ဘယ်လောက်ပါသလဲ?” (may produce occasional errors in word choice, spelling and/or word formation) ဟူသည့် အချက်ပင် ဖြစ်သည်။ Non-native speaker တစ်ယောက်အနေဖြင့် ဘာသာစကားအမှားကို ထောက်ပြရသည်မှာ တာဝန်ကြီးပြီး အချိန်ပိုယူရသည့်အတွက် ယခုဆောင်းပါးတွင် အလွန်သိသာသည့် အမှားများကိုသာ ရှာဖွေဖော်ပြသွားမည်။ အက်ဆေးတွင် မြင်လွယ်သည့် စာလုံးပေါင်းနှင့် စကားလုံးရွေးချယ်မှု အမှားအနည်းငယ် တွေ့ရသော်လည်း ယင်းသည် သက်ဆိုင်ရာစာကြောင်း သို့မဟုတ် စာပိုဒ်တစ်ခုလုံး၏ အဓိပ္ပာယ်ကို ပျက်လောက်သည်အထိ အခြေအနေ သိပ်မဆိုးဟု သုံးသပ်ပါသည်။ မြင်သာသည့် အမှားများတွင် စာကိုယ် ဒုတိယစာပိုဒ် ပထမစာကြောင်းတွင် casual အစား causual ဟု စာလုံးပေါင်းမှားပေါင်းထားခြင်း နှင့် ယင်းစာပိုဒ်တွင်ပင် accountant အစား account ဟုပင် စာလုံးပေါင်းထားခြင်းတို့ ပါဝင်သည်။ ထို့အပြင် (နိဂုံးစာပိုဒ်) နောက်ဆုံးစာကြောင်းရှိ less financial resources ပါ less သည် resources ၏ plural noun ဖြစ်မှုသဘောအရ ယင်းအစား fewer ကို သုံးပါက ပိုမသင့်ဘူးလားဟု မေးခွန်းထုတ်နိုင်သည့် အခြေအနေရှိသည်။
ခြုံငုံသုံးသပ်ရလျှင် နမူနာအက်ဆေးသည် လွန်စွာပညာရပ်ဆန်သည့် ဝေါဟာရများစွာကို အသုံးပြုရန် အကန့်အသတ်ရှိပုံရပြီး စာလုံးပေါင်းအမှား၊ စကားလုံးရွေးချယ်မှုအမှား အနည်းငယ်ရှိသော်လည်း အဖန်တလဲလဲ တွေ့မြင်နေကျ မဟုတ်သည့် စကားလုံးများကို တွေ့မြင်နေကျစကားလုံးများနှင့် အပြိုင် သမမျှတစွာ အသုံးပြုသွားနိုင်ကြောင်း တွေ့ရသည်။ ယင်းစကားလုံးများသည် မေးခွန်းမှ ဖြေဆိုလိုသည့် အကြောင်းအရာနှင့် အထူးသဖြင့် ကိုက်ညီမှု ရှိပြီး တွဲဆက်အသုံးပြုရသည့် စကားလုံးများ (collocation) များကိုလည်း မှန်မှန်ကန်ကန်နှင့် အမျိုးအစားစုံလင်စွာ အသုံးပြုသွားနိုင်သည့် သင့်တင့်မျှတသည့် အက်ဆေးတစ်ပုဒ်ဖြစ်ကြောင်း သုံးသပ်ရင်းနိဂုံးချုပ်အပ်ပါသည်။
Task achievement ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁
Coherence and cohesion ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂
IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၄ တွင် အောက်ပါအချက်များကို လေ့လာဆန်းစစ်မှုများ ပြုသွားပါမည်။
Grammatical range and accuracy
• uses a variety of complex structures
• produces frequent error-free sentences
• has good control of grammar and punctuation but may make a few errors
စောင့်မျှော်ဖတ်ရှုကြပါဟု ဖိတ်ခေါ်ချင်ပါသည်။
စာရှုသူအနေဖြင့် မိမိ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အက်ဆေးများကို အထက်ပါအတိုင်း ဝေဖန်ဆန်းစစ်စေလိုပါက အီးမေးလ်ဖြင့် swezinale@gmail.com သို့လည်းကောင်း၊ Whatsapp ဖြင့် +61466341645 သို့လည်းကောင်း၊ Skype ဖြင့် swezinmm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ https://sites.google.com/view/testreadyielts/quality-checking-services/essays တွင်လည်း ဤဝန်ဆောင်မှုအကြောင်း သွားရောက်လေ့လာနိုင်ပါသည်။
Comments
Post a Comment