Posts

အင်္ဂလိပ်စာနှင့် နည်းပညာ

Image
မိမိကိုယ်တိုင် ရေးသားထားသည်ဖြစ်စေ၊ မိမိ ကျောင်းသူ/သားများ ရေးသားထားသည် ဖြစ်စေ မည်သည့် အင်္ဂလိပ်စာပိုဒ်၊ စာပုဒ်ကိုမဆို Scribens ကို အသုံးပြုပ၍ ဝါကျ၊ သဒ္ဒါအထားအသို၊ ဝေါဟာရအသုံးပြုမှုနှင့် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတအသုံးပြုမှုတို့ကို စစ်ဆေးနိုင်ပါတယ်။ ၁။ ပထမဦးစွာ မိမိစစ်ဆေးမှု ပြုလိုသည့် စာပိုဒ်၊ စာပုဒ်များကို copy ကော်ပီကူးယူလိုက်ပါ။ ၂။ ထို့နောက် ဝဘ်ဆိုဒ်သို့ သွားပါ။ ဝဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။ https://www.scribens.com/ ပုံထွက်မှာ ပုံ ၁ ပါအတိုင်း ဖြစ်သည်။ ၃။ မိမိ စစ်ဆေးလိုသည့် စာပိုဒ်၊ စာပုဒ်ကို အလယ်တွင် နေရာပေးထားသည့် အကွက်တွင် ကူးထည့် (paste လုပ်) လိုက်ပါ။ နမူနာပုံကို ပုံ ၂ တွင် တွေ့မြင်နိုင်ပါသည်။ ၄။ ထို့နောက် ဘားတန်းတွင် တွေ့ရသည့် Check ဟူသည့် စကားလုံး ရှိသည့် အနီရောက်အကွက်ကို နှိပ်လိုက်ပါ။ ထိုအခါ အချို့သောစာသားများ၏ အရောင် ပြောင်းလဲသွားသည်ကို ပုံ ၃ တွင် တွေ့မြင်နိုင်ပါသည်။ ယင်းစာသားများအပေါ် ထောက်ကြည့်ခြင်းအားဖြင့် အဆိုပါစာသားများက မည်သည့် (သဒ္ဒါ) စည်းမျဉ်းဥပဒေသများနှင့် ကိုက်ညီမှု မရှိကြောင်း၊ မည်ကဲ့သို့ ပြင်ဆင်ရေးသင့်ကြောင်းကို အကြံပြုထားသည့် အကြံပြုချက်များကို...

IELTS Speaking Part 3 နမူနာအဖြေများကို လေ့လာခြင်းး အပိုင်း ၁

Image
ဤဆောင်းပါးသည် IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း ဆောင်းပါးများ ကဲ့သို့ပင် IELTS စာမေးပွဲတစ်ခုမှ မေးခွန်းဟောင်းများကို အသုံးပြု၍ အစမ်းဖြေဆိုထားသည့် အဖြေများ -- ယခုဆောင်းပါးတွင် IELTS speaking part 3 အတွက် နမူနာဖြေဆိုထားသည့် အဖြေများအား IELTS Speaking Band Descriptors ကို ရည်ညွှန်းမှုပြုကာ သုံးသပ်သွားပါမည်။ စာစစ်သူမှ မေးမြန်းသည့် မေးခွန်းများနှင့် စာမေးပွဲဖြေဆိုသူ၏ အဖြေများမှာ အောက်ပါအတိုင်းဖြစ်သည်။ Examiner (E): [00:00:04] So now I'm going to ask you like err... the famous people from the history. So, can you please describe a historical person from your country? Candidate (C): A person I, I, I was thinking to talk about a politician back then, but now I changed my mind and I think I would talk about a medical person, a doctor that I just learned about. His name was Shaw Lu, and he was the very first doctor who had to travel to the United States of America. And he studied medicines there, and then came back to our country, and then became a very helpful doc...

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

Image
Key words: တက္ကသိုလ်ဝင်တန်းမြန်မာစာ၊ စာစီစာကုံး၊ PlanBeforeYouWrite စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း နိဒါန်းဆောင်းပါး (ဆောင်းပါး အပိုင်း ၁) မှာ တက္ကသိုလ်ဝင် မြန်မာစာမှာ စာစီစာကုံးမေးခွန်း အမှတ်စဉ် ၆။ ခ အတွက် (ပြင်ဆင်ချိန် ၅ မိနစ် အပါအဝင်) စုစုပေါင်း မိနစ် ၂၀ ပဲ အသုံးပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မေးခွန်းထဲမှာ စာလုံးရေ (ဒါမှမဟုတ် စာကြောင်းရေ၊ စာပိုဒ် စသဖြင့်) ကန့်သတ်ထားတာ မရှိပေမဲ့ နိဒါန်း ၁ ပိုဒ်၊ စာကိုယ် ၂ ပိုဒ် နဲ့ နိဂုံး ၁ ပိုဒ် ရေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ဟာ ၁၀ တန်း မြန်မာစာ သင်တဲ့ ဆရာ/မတွေ၊ ကျောင်းသူ/သားတွေ ပိုမိုရင်းနှီးတဲ့ နိဒါန်း (၁ ပိုဒ်)၊ စာကိုယ် (၁ ပိုဒ်)၊ နိဂုံး (၁ ပိုဒ်) ဖော်မြူလာနဲ့ အနည်းငယ် ကွဲလွဲပါတယ်။ ဒီဆောင်းပါးမှာ စာပိုဒ်တစ်ပိုဒ်ထဲမှာ အဓိက အိုင်ဒီယာ (ပင်မ အတွေး) တစ်ခုပဲ ပါဝင်သင့်တယ် ဆိုတဲ့ အယူအဆအပေါ်အခြေခံထားတဲအတွက် စာစီစာကုံးတစ်ပုဒ်မှာ စာကိုယ် ၁ ပိုဒ်ထဲပဲ ရေးရတာ ကျောင်းသူ/သားတွေအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ပင်မအတွေး တစ်ခုမက ရှိနေနိုင်တဲ့အတွက် စာကိုယ် ၂ ပိုဒ်ေ...

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁

Image
Key words: #တက္ကသိုလ်ဝင်တမ်းမြန်မာစာ၊အင်္ဂလိပ်စာ၊ #စာစီစာကုံး၊ #အက်ဆေး၊ #IELTSWritingTask1, #IELTSWritingTask2, #PlanBeforeYouWrite စာရေးတဲ့အခါ အကြမ်းဖျင်းအားဖြင့် ၁) မရေးခင် ၂) ရေးနေတုန်း ၃) ရေးပြီး ဆိုတဲ့ အဆင့် ၃ ဆင့်လောက်ကို ဖြတ်သန်း ရပါမယ်။ အခုဆောင်းပါးမှာ ပထမအဆင့်ဖြစ်တဲ့ စာစမရေးခင် ပြင်ဆင်တဲ့အပိုင်းကို ဦးတည်ဆွေးနွေးချင်ပါတယ်။ ပြင်ဆင်မှု ပြုတဲ့အခါ တစ်ယောက်အကြိုက်နဲ့ တစ်ယောက် တူညီနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဝေမျှသွားမဲ့ နည်းလမ်းကတော့ IELTS အက်ဆေးတွေ ရေးဖို့ ကျွန်တော်စပြီး လေ့ကျင့်တဲ့အချိန်မှာ စတင်အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဆင့် ၅ ဆင့် ရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။ အဆင့် ၁။ ။ Task awareness (Ta) အဆင့် ၂။ ။ Words development (W) အဆင့် ၃။ ။ Title idea development (Ti) အဆင့် ၄။ ။ Sub-title ideas development (S) နဲ့ အဆင့် ၅။ ။ Supporting ideas development (S) တို့ပဲ ဖြစ်ပါတယ်။ TaWTiSS (တော်တစ်(စ) သို့မဟုတ် ထောထစ်(စ)) လို့အလွယ်မှတ်ထားနိုင်ပါတယ်။ ဒီဆောင်းပါးမှာ IELTS အက်ဆေးတွေအပြင် လာမဲ့ တက္ကသိုလ်ဝင်တန်း (အထက်တန်း/ဆယ်တန်းနောက်ဆုံး) စာမေးပွဲ မေးခွန်းတွေမ...

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၎

Image
ယခုဆောင်းပါးသည် IELTS Writing Task 2 နမူနာမေးခွန်း နှင့် အဖြေ တစ်စုံကို IELTS TASK 2 Writing band descriptors (public version) ပါ အမှတ်ပေးစည်းမျဉ်းများအား အသုံးပြုပြီး လေ့လာဆန်းစစ်မှုပြုခြင်းစာစဉ်မှ နောက်ဆုံးဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် grammatical range and accuracy (သဒ္ဒါ၊ ဝါကျအထားအသိုနှင့် မှန်ကန်တိကျမှု) ကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ မေးခွန်းနှင့် နမူနာအဖြေတို့ကို ထပ်မံဖော်ပြအပ်ပါသည်။ မေးခွန်း Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words. နမူနာအဖြေ (အကြမ်းအားဖြင့် ၇ မှတ်ပေးထားပါသည်။) Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – bei...

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၃

Image
ဤဆောင်းပါးတွင် အောက်ပါ IELTS Writing Task 2 နမူနာမေးခွန်း နှင့် အဖြေတို့ကို IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်းထဲမှ lexical resource (vocabulary) ဝေါဟာရအသုံးပြုမှုအပိုင်းကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ မေးခွန်း Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words. နမူနာအဖြေ (အကြမ်းအားဖြင့် ၇ မှတ်ပေးထားပါသည်။) Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income. On one hand, I can be very thoughtful about how my money is used as an educated person with fi...

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂

Image
IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်း ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုခဲ့ပါသည်။ အမှတ်ပေးစည်းမျဉ်းပါ အဓိကအချက် ၄ ချက်အနက် “IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁” တွင် task achievement (ရမှတ် ၇ မှတ်အတွက်) တွင် ဖော်ပြပါရှိသည့် အချက်များကို အသုံးပြုဆန်းစစ်ခဲ့ပါသည်။ ဆန်းစစ်ချက်အရ နမူနာအက်ဆေးတွင် မေးခွန်းမှ ဖြေဆိုလိုသည့် အချက်များ ပြည့်ပြည့်စုံစုံ ပါဝင်သော်လည်း ယေဘုယျဆန်သည့် ဝါကျအချို့ကြောင့် စာဖတ်သူ၏ နားလည်မှုကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါသည်။ အပိုင်း ၂ တွင် နမူနာအက်ဆေး၏ coherence and cohesion ကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ အပိုင်း ၁ ကဲ့သို့ပင် နမူနာအက်ဆေးကို အသေးစိတ်လေ့လာမှု ပြုသွားမည် ဖြစ်သည့်အတွက် အက်ဆေးပါ စာပုဒ်များ၊ စာသားများကို ထပ်ခါထပ်ခါအသုံးပြုသွားပါမည်။ မေးခွန်းကို ထပ်မံဖော်ပြ အပ်ပါသည်။ Some people are very casual about handling thei...