IELTS Speaking Part 3 နမူနာအဖြေများကို လေ့လာခြင်းး အပိုင်း ၁


ဤဆောင်းပါးသည် IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း
ဆောင်းပါးများကဲ့သို့ပင် IELTS စာမေးပွဲတစ်ခုမှ မေးခွန်းဟောင်းများကို အသုံးပြု၍ အစမ်းဖြေဆိုထားသည့် အဖြေများ -- ယခုဆောင်းပါးတွင် IELTS speaking part 3 အတွက် နမူနာဖြေဆိုထားသည့် အဖြေများအား IELTS Speaking Band Descriptors ကို ရည်ညွှန်းမှုပြုကာ သုံးသပ်သွားပါမည်။ စာစစ်သူမှ မေးမြန်းသည့် မေးခွန်းများနှင့် စာမေးပွဲဖြေဆိုသူ၏ အဖြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

Examiner (E): [00:00:04] So now I'm going to ask you like err... the famous people from the history. So, can you please describe a historical person from your country?

Candidate (C): A person I, I, I was thinking to talk about a politician back then, but now I changed my mind and I think I would talk about a medical person, a doctor that I just learned about. His name was Shaw Lu, and he was the very first doctor who had to travel to the United States of America. And he studied medicines there, and then came back to our country, and then became a very helpful doctor in our country.

E: [00:00:56] So can you please describe some of his his contributions to your country?

C: [00:01:03] Yeah. He as a doctor he did a lot of great things in, in in his home country and his home state. He was actually from Mawlamyine and he built up a hospital for poor people and not only just for poor people but for people in general public in general from Mawlamyine and from Mon State. And he also worked for the then the then King Burmese King Mindon Min. And he also served people at the at the Royal Palace in Mandalay occasionally. And he also started to establish the association for doctors who educated from Western countries.

E: [00:01:55] OK. Interesting. OK. So now what what kinds of people influential in your society?

C: [00:02:03] Influential people in the our communities are usually religious leaders and politicians and community leaders and activists and also teachers.

E: [00:02:18] Okay so so what are negative aspects are there to people having a lot of influence and power over others in certain situations?

C: [00:02:29] Yeah I would say like when especially in in villager religion and sometimes we just have many religious leaders who could be not as educated as they should be, and then they have some ideology that is dangerous for the community, for our society. And then they also have very huge influence over a certain number of people. It could be the whole village or the whole town. And and when these people are exposed to the, the dangerous ideology the hazardous ideology then these people can become can become and go can become dangerous and go against some other groups of the people. And Myanmar is well known for its diversity. We have different kinds of people, different groups of people with different beliefs and different ethnic backgrounds and political beliefs and values. So, it is important that we understand each other differences and work together. But some religious leaders unfortunately don't value that as fact.

E: [00:03:54] OK. So, can can this influence be misused?

C: [00:04:00] Yeah definitely definitely, especially when there is no system that we can monitor the use of power and authority and also a system to punish such misconducts, then there will be definitely some negative impacts on the community if we misuse power and corrupt.

အောက်တွင် အထက်ပါ အမေးအဖြေအား အသံသွင်းတည်းဖြတ်ထားသည့် ဗွီဒီယိုကို ရှုစားကြည့်ရှု နိုင်ပါသည်။



IELTS speaking test အဖြေများကို အမှတ်ပေးသည့်အခါ အောက်ပါ အချက် ၄ ချက် ကို အထူးပြုစစ်ဆေးကြောင်း ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါသည်။

1. Fluency and coherence
2. Lexical resource (vocabulary)
3. Lexical resource (grammar)
4. Pronunciation

ဤဆောင်းပါးများတွင် IELTS Speaking Band Descriptors မှ အသေးစိတ် အမှတ်ပေးစည်းမျဉ်းများကို အသုံးပြု၍ အချက်တစ်ချက်ချင်းစီအတွက် သုံးသပ်မှုများကို ပြုလုပ်သွားပါမည်။

၁။ နမူနာအဖြေ၏ fluency နှင့် coherence ကို လေ့လာဆန်းစစ်ခြင်း

Fluency နှင့် coherence အတွက် အကြမ်းအားဖြင့် ၈ မှတ် ပေးပါမည်။

အမှတ်ပေးစည်းမျဉ်းတွင် စာဖြေသူသည် အောက်ပါအတိုင်း ပြောဆိုနိုင်ပါက fluency နှင့် coherence အတွက် ၈ မှတ် ရမည် ဖြစ်သည်။

၁.၁။ speaks fluently with only occasional repetition or self-correction; hesitation is usually content-related and only rarely to search for language (အင်္ဂလိပ်စကားကို အထစ်အငေါ့ မရှိပြောဆိုနိုင်သော်လည်း ရံဖန်ရံခါ စကားတစ်လုံး (တစ်ခွန်း) ကို ထပ်ခါထပ်ခါ ပြောဆိုခြင်း၊ မှားပြောမိသည့် စကားများကို မိမိဘာသာ ပြန်လည်ပြင်ဆင်ပြောဆိုခြင်းများ အနည်းငယ်ရှိသည်။ အကြောင်းအရာပိုင်းနှင့်ပတ်သက်၍သာ တုန့်ဆိုင်းခြင်းများ ရှိပြီး ယင်းကိုအင်္ဂလိပ်ဘာသာဖြင့် မည်ကဲ့သို့ ပြောရမည်ကို မသိသည့်အတွက် စဉ်းစားနေရသည့် အခိုက်အတန့်များ မရှိသလောက်ပင် ဖြစ်သည်။)

၁.၂။ develops topics coherently and appropriately (ပြောရမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အဆက်အစပ်ရှိစွာ၊ နားထောင်သူနှင့် ကိုက်ညီမှုရှိစွာ ပြောဆိုနိုင်သည်။)

၁.၁။ Fluent ဖြစ်မဖြစ် လေ့လာဆန်းစစ်ခြင်း
အသံဖိုင်ကို နားထောင်ကြည့်ပြီး၊ ယင်းအသံဖိုင်ကိုပင် စာပြန်ရိုက်ထုတ်ထားသည့် အမေးအဖြေကို ပြန်ကြည့်ပါက စာဖြေသူသည် စာစစ်သူ၏ မေးခွန်းများကို အထစ်အငေါ့မရှိ ဖြေနိုင်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမည် ဖြစ်သည်။ သို့သော် အချို့စကားလုံးများကို ၂ ခေါက် ၃ ခေါက် ထပ်ထပ်ပြောဆိုခြင်းများ ရှိသည်ကိုမူတွေ့ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ပထမဦးဆုံးမေးခွန်း [00:00:04] တွင် စာဖြေသူသည် မိမိကိုယ်တိုင်အား ရည်ညွှန်းပြောဆိုသည့် ‘I’ အား ၂ ကြိမ်ထပ်မနည်း၊ [00:01:03] တွင် ‘in’ အား ထို့နည်းလည်းကောင်း အကြိမ်ကြိမ်အထပ်ထပ် ပြောခဲ့သည်ကို ကြားတွေ့ရသည်။ အလားတူ အနည်းဆုံး ၂ ခါ ပြောခဲ့သည့်စကားလုံး(တွဲ)များတွင် ‘the then the then’, ‘can become can become’ နှင့် ‘definitely, definitely’ တို့ပါဝင်သည်ကို တွေ့ရသည်။ သို့သော် ယင်းသို့ ထပ်ခါထပ်ခါ ပြောဆိုခြင်းများမှာ မကြာခဏ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ ရံဖန်ရံခါသာဖြစ်သည့်အတွက် ဆိုလိုရင်းကို အကြီးအကျယ် ထိခိုက်ခြင်း ရှိသည်ဟု မမှတ်ယူနိုင်ပါ။

စာဖြေသူသည် စကားထပ်ပြောဆိုခြင်းများအပြင် အချို့နေရာတွင် မိမိမှားပြောသွားသည့် စကားရပ်များကို အမှားပြန်လည်ပြင်ဆင်သည့် ပြောဆိုဆက်သွယ်ခြင်းနည်းလမ်း (communication strategy) ကို လည်း အသုံးပြုသွားသည်ကို တွေ့ရသည်။ [00:02:29] တွင် ‘religion’ ဟု ပြောမည်ကို ‘villager’ ဟု မှားထွက်ပြီး ‘religion’ ဟု ချက်ချင်း ပြန်ပြင်ပြောခြင်းမျိုး၊ ယင်းအဖြေစာပိုဒ်တွင်ပင် ‘dangerous ideology’ ဟု အစတွင် ပြောပြီး မိမိအနေဖြင့် ‘dangerous’ ကို အကြိမ်ဖန်များစွာ သုံးနေသည့် အဖြစ်ကို သတိထားမိပြီး ‘hazardous ideology’ ဟု ပြန်ပြောင်းသုံခြင်းမျိုးကို ကြားတွေ့ခဲ့ရသည်။ Self-correction ကို အချိန်တိုအတွင်း ခဏခဏ ပြုလုပ်ခြင်းမှာ ကောင်းမွန်သည့် အမူအကျင့်ဟု ပြောရန်ခက်သော်လည်း ရံဖန်ရံခါ အသုံးပြုခြင်းမှာ ကြီးမားသည့် ပြဿနာတစ်ရပ်ဟု မယူဆနိုင်ပေ။

စာဖြေသူသည် အထက်ဖော်ပြပါ အမှားအယွင်း အနည်းငယ်မှ လွဲ၍ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အတွက် fluency နှင့် ပတ်သက်၍ ၎င်းကို good user အဖြစ် သတ်မှတ်နိုင်မည်ဟု ထင်ပါသည်။

၁.၂။ Coherence ရှိမရှိ လေ့လာဆန်းစစ်ခြင်း
ပထမမေးခွန်းတွင် အတိတ်ကာလမှ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း စာစစ်သူက မေးမြန်းရာ စာဖြေသူက သူမကြာသေးခင်ကမှ လေ့လာခဲ့သည့် ဆရာဝန်တစ်ယောက်အကြောင်းပြောပြခဲ့သည်။ ယင်းသို့ပြောရာတွင် အဆိုပါပုဂ္ဂိုလ်၏ ထူးခြားချက်နှင့် သူ့ဘဝ၏ အရေးကြီးသည့် အချိုးအကွေ့တစ်ခုအကြောင်းကို ဟိုက်လိုက်ဖော်ပြခဲ့သည်။ ဒုတိယမေးခွန်းမှ ယင်းပုဂ္ဂိုလ်၏ နိုင်ငံတော်အကျိုးပြုလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဖြေဆိုရာတွင် ဒေသအဆင့်၊ ပိုမိုကျယ်ပြန့်သည့် နိုင်ငံတော်အဆင့်နှင့် သူနှင့် ဘဝတူ ဆရာဝန်များအတွက် အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များကို အဆင့်ဆင့်ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ အလားတူဖြစ်ရပ်များ ထပ်ပေါင်း ပြောဆိုရာတွင် ‘also’ အား အထူးသဖြင့် သုံးသွားသည်ကို တွေ့ရသည်။ ယင်းကို အခြေခံကျသည့် အသုံးသာဖြစ်သည် ဟု ငြင်းချက်ထုတ်နိုင်သည်။ စာဖြေသူသည် ပိုမိုအဆင့်မြင့်သည့် ယူဆရသည့် စကားလုံးများ သို့မဟုတ် ‘also’ အပြင် အခြားအဓိပ္ပာယ်တူစကားလုံးများဖြင့်သည့် ဥပမာ ‘additionally’, ‘moreover’, ‘what’s more’ စသည်တို့ကို သုံးနိုင်သည်။

[00:02:18] မှ မေးခွန်းကို ဖြေကြားရာတွင်လည်း အချို့သော ဩဇာအရှိန်အဝါကြီးမားသူတို့၏ လွှမ်းမိုးမှုမှ မည်ကဲ့သို့သော ဆိုးကျိုးများသက်ရောက်နိုင်သည်ကို စာဖြေသူ၏ နိုင်ငံအခြေအနေ၊ နောက်ကြောင်းနှင့် နှိုင်းယှဉ်ဖော်ပြထားပြီး ယင်းပြဿနာကို မည်သို့ကိုင်တွယ် ဖြေရှင်းသင့်ကြောင်းကိုပါ အရိပ်အမြွတ် အကြံပြုပြောဆိုထားသည်။ သို့သော် မေးခွန်းတွင် ပြဿနာအတွက် ဖြေရှင်းချက်ပေးရန် မပါသည့်အတွက် မလိုအပ်ဘဲ ပြောသည်ဟု ယူဆစရာဖြစ်သော်လည်း အဖြေ၏အဆုံးတွင် ပြဿနာ၏ အကြောင်းရင်းမှာ နိုင်ငံ၏ အရှိတရားကို ဩဇာအာဏာရှိသူများက လက်မခံလိုသည့် အချက်ကို တင်ပြပြောဆိုထားသည့်အတွက် ဖြေရှင်းချက်ကို အကျဉ်းမျှမတင်ပြလျှင်လည်း အဖြေတစ်စုံလုံး၏ အဓိပ္ပာယ်ပေါ်လွင်ရန် ခဲယဉ်းမည်ဖြစ်သည်။ ဝါကျများအား ဆက်စပ်ပြောဆိုရာတွင် ‘and’၊ ‘so’ နှင့် ‘but’ အသုံးကို အထူးသဖြင့်တွေ့ရသည်။ ‘also’ ကဲ့သို့ပင် ဤစကားလုံးများမှာ အခြေခံကျလွန်းသည်ဟု ယူဆနိုင်ပြီး ၎င်းတို့အား သင့်တော်သလို အခြားစကားလုံးများဖြင့် အစားထိုးအသုံးပြုနိုင်သည်။ ယင်းတွင် ‘therefore’, ‘thus’, ‘however’, ‘nonetheless’ စသည်တို့ ပါဝင်နိုင်သည်။

အထက်ပါစကားစပ်များမဟုတ်သော်လည်း coherence ကို အထောက်အကူပြုသည့် အခြားစကားလုံးများအနေဖြင့် C: [00:02:29] နောက်ဆုံးစာကြောင်းမှ ‘unfortunately’ နှင့် C: [00:04:00] မှ ‘especially’ တို့ကို အသုံးပြုသွားကြောင်းကိုမူ တွေ့ရသည်။

အချုပ်အားဖြင့်ဆိုသော် နမူနာအဖြေတွင် repeated word/phrase များ၊ self-correction များ အနည်းငယ်ရှိပြီး နှင့် basic connective များကို အများစုသုံးသွားခဲ့သော်လည်း ယင်းတို့မှာ စာဖြေသူ၏ fluency နှင့် coherence ကို အလွန်အမင်း ထိခိုက်မှုမရှိဘဲ စာဖြေသူ၏ အဖြများမှာ အလွန်တော်သင့်ကောင်းမွန်သည့် အနေအထားတွင် ရှိပြီး ၈ မှတ်နှင့် ထိုက်တန်သည့် အဖြေများ ဖြစ်ကြောင်းသုံးသပ်ရပါသည်။

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာထားသည့် ဆောင်းပါးများကို အောက်ပါတို့တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

Task achievement ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါးကို IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁ တွင်လည်းကောင်း၊
Coherence and cohesion ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂ တွင်လည်းကောင်း၊
Lexical resource (vocabulary) ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၃ တွင်လည်းကောင်း၊
Grammatical range and accuracy ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၄ တွင်လည်းကောင်း သွားရောက်ဖတ်ရှုနိုင်ပါသည်။

ထို့အပြင် မိမိအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အက်ဆေးများကိုလည်းကောင်း၊ အင်္ဂလိပ်ဘာသာစကားပြောများကိုလည်းကောင်း အထက်ပါအတိုင်း ဝေဖန်ဆန်းစစ်စေလိုပါက အီးမေးလ်ဖြင့် swezinale@gmail.com သို့လည်းကောင်း၊ Whatsapp ဖြင့် +61466341645 သို့လည်းကောင်း၊ Skype ဖြင့် swezinmm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ https://sites.google.com/view/testreadyielts/quality-checking-services/speaking နှင့်  https://sites.google.com/view/testreadyielts/quality-checking-services/essays င်လည်း ဤဝန်ဆောင်မှုအကြောင်း သွားရောက်လေ့လာနိုင်ပါသည်။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁