၂၁ရာစုအတွက်ခေါင်းဆောင်မှု

photo:internet


၂၁ရာစုအတွက်ခေါင်းဆောင်မှု
နိုင်ငံတစ်ငံရဲ့ပညာရေးအဆင်အတန်းတိုးတက်စေဖို့အတွက်ကျွမ်းကျင်ထိရောက်တဲ့ပညာရေးစီမံခန့်ခွဲသူပညာရေးခေါင်းဆောင်ကောင်းအများအပြားလိုအပ်ပါတယ်။ နိုင်ငံတကာကသုတေသနတွေကိုလေ့လာကြည့်ရင်လည်းပညာရေးခေါင်းဆောင်များရဲ့အရည်အသွေးမြင့်မားလေလေအဆိုပါနိုင်ငံရဲ့ပညာအဆင့်အတန်းမြင့်မားလေဖြစ်ပါတယ်။ပညာရေးခေါင်ဆောင်မှုနဲ့ပတ်သက်လို့'၂၁ရာစုအတွက်ခေါင်းဆောင်မှု' ဆိုတဲ့စာအုပ်ထဲမှာ အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးသပ်လေ့လာနိုင်စေရန်ခေါင်းဆောင်မှုပါရာဒိုင်းနှစ်မျိုးကိုနှိုင်းယှဉ်ဖော်ပြထားပါတယ်။
၁) စက်မှုခေတ်ခေါင်းဆောင်မှုပုံစံ
၂၀ရာစုအထိတွင်တွင်ကျယ်ကျယ်သုံးခဲ့တဲ့ပုံစံဖြစ်ပြီးအဖွဲ့အစည်းတော်တော်များများတွင်ယခုထိသုံးစွဲနေဆဲခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။ဒီပုံစံမှာတော့ခေါင်းဆောင် လုပ်သူဟာဦးဆောင်သူဆိုတာထက်စီမံခန့်ခွဲသူပိုဆန်ပါတယ်။အာဏာခွဲဝေမှု ပုံစံကလဲခေါင်းဆောင်တစ်ယောက်တည်းအပေါ်မှာသာမူတည်ပါတယ်။ လက်အောက်ငယ်သားတွေအနေနဲ့ခေါင်းဆောင်ပြောသမျှခိုင်းသမျှကိုသာလိုက်နာရပြီးပြန်လည်မေးခွန်းထုတ်နိုင်တဲ့အခြေနေမရှိသလောက်နည်းပါးတယ်။လက်အောက်ငယ်သားရဲ့အကြံဥာဏ်အယူဆထက်ခေါင်းဆောင်ဖြစ်သူရဲ့ဆုံးဖြတ်ချကကိုသာလိုက်နာရပါတယ်။လက်အောက်ငယ်သားရဲ့အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးထက် ရလဒ်ကောင်းရရေး ကိုသာဦးစားပေးကျင့်သုံးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ထိရောက်တဲ့ဦးဆောင်မှုမျိုး မဖန်တီးနိုင်တဲ့အတွက်၂၁ရာစုမှာ လိုလားအပ်တဲ့ ခေါင်းဆောင်မှုပုံစံမျိုး မဟုတ်တော့ဘူးလို့လဲဝေဖန်ကြပါတယ်။
၂)၂၁ရာစုအတွက်ခေါင်းဆောင်မှုပုံစံအသစ် (သို့) စက်မှုခေတ်နှောင်း ခေါင်းဆောင်မှုပုံစံ
၂၀ရာစုနှောင်းပိုင်းမှာပေါ်ပေါက်လာတဲ့ပုံစံဖြစ်ပြီးဒီပုံစံမှာတော့ခေါင်းဆောင်လုပ်သူဟာအဖွဲ့စည်းအတွင်းလူမှုဆက်ဆံရေးအဆင်ပြေဖို့ကိုပိုဦးပေးသူဖြစ်ပါတယ်။အဖွဲ့အစည်းတွင်းတိုးတက်ပြောင်းလဲမှုကိုအားပေးပြီး ခေါင်းဆောင်တစ်ဦး ဆိုတာထက် အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ခေါင်းဆောင်မှုပုံစံကိုပိုပြီးလိုလားလက်ခံပါတယ်။လက်အောက်ငယ်သားဆိုတဲ့အခေါ်အဝေါ်ကိုလဲသုံးစွဲခြင်းမရှိတော့ဘဲမိမိအဖွဲ့အစည်းရည်မှန်းချက်များအောင်မြင်ဖို့အတွက်ပူပေါင်းဆောင်ရွက်သူများအဖြစ်သာခေါ်ဝေါ်သုံးစွဲပါတယ်။ခေါင်းဆောင်မှုကို စုပေါင်းဆောင်ရွက်မှု လုပ်ငန်းတစ်ရပ်အနေနဲ့လက်ခံယုံကြည်ပြီးအဖွဲ့အစည်းတွင်းလူမှုဆက်ဆံရေးအဆင်ပြေဖို့နဲ့တစ်ဦးချင်းစီရဲ့ အရည်အသွေး အရည်အချင်း တွေကိုဖွံ့ဖြိုးတိုးတက်လာအောင်မြှင့်တင်ပေးပါတယ်။အဖွဲ့အစည်းအတွင်း တစ်ဦးချင်းစီရဲ့ ဦးဆောင်နိုင်စွမ်း ကိုပျိုးထောင်ပေးပြီးရည်မှန်းချက်အောင်မြင်အောင်တိုက်တွန်းအားပေးတဲ့ခေါင်းဆောင်မှုပုံစံမျိုးလို့လဲပြောကြပါတယ်။လူသားပိုဆန်ပြီးထိရောက်တဲ့ခေါင်းဆောင်မှုပုံစံမျိုးဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လုပ်ငန်းခွင်ထဲမှာရောမိသားစုဘဝမှာပါဦးစီးခေါင်ဆောင်သူအနေနဲ့ရောဦးဆောင်ခံရသူအနေနဲ့ပါနေ့စဉ်ကြုံတွေ့နေရချိန်မှာဘယ်လိုခေါင်းဆောင်မှုပုံစံမျိုးနဲ့ကြုံနေရသလဲကိုယ်ကိုယ်တိုင်ရောဘယ်လိုပုံစံမျိုးကျင့်သုံးမိနေလဲဆိုတာကိုပြန်လည်သုံးသပ်နိုင်ဖို့အတွက်ခေါင်းဆောင်မှုပုံစံနှစ်မျိုးကိုအကျဉ်းချုပ်ဆွေးနွေးပေးခဲ့တာပါ။ ပညာရေးအပြောင်းအလဲကာလမှာမိမိကိုယ်တိုင်နဲ့ပညာရေးအသိုင်းဝိုင်းပတ်ဝန်းကျင်တိုးတက်ဖို့အရည်အသွေးမြင့်လာစေဖို့အတွက်ကျွန်တော်တို့ဘယ်လိုခေါင်းဆောင်မှုပုံစံမျိုးနဲ့ရှေ့ဆက်ကြမလဲဆိုတာကိုသုံးသပ်ဆင်ခြင်ဖို့ဆွေးနွေးထောက်ပြဖို့နဲ့လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်။
Ref: Rost, J. C (1993) Leadership for the Twenty-first Century

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁