Posts

Showing posts from December, 2018

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၃

Image
ဤဆောင်းပါးတွင် အောက်ပါ IELTS Writing Task 2 နမူနာမေးခွန်း နှင့် အဖြေတို့ကို IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်းထဲမှ lexical resource (vocabulary) ဝေါဟာရအသုံးပြုမှုအပိုင်းကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ မေးခွန်း Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words. နမူနာအဖြေ (အကြမ်းအားဖြင့် ၇ မှတ်ပေးထားပါသည်။) Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income. On one hand, I can be very thoughtful about how my money is used as an educated person with fi...

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂

Image
IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) အမှတ်ပေးစည်းမျဉ်း ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုခဲ့ပါသည်။ အမှတ်ပေးစည်းမျဉ်းပါ အဓိကအချက် ၄ ချက်အနက် “IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁” တွင် task achievement (ရမှတ် ၇ မှတ်အတွက်) တွင် ဖော်ပြပါရှိသည့် အချက်များကို အသုံးပြုဆန်းစစ်ခဲ့ပါသည်။ ဆန်းစစ်ချက်အရ နမူနာအက်ဆေးတွင် မေးခွန်းမှ ဖြေဆိုလိုသည့် အချက်များ ပြည့်ပြည့်စုံစုံ ပါဝင်သော်လည်း ယေဘုယျဆန်သည့် ဝါကျအချို့ကြောင့် စာဖတ်သူ၏ နားလည်မှုကို ထိခိုက်စေနိုင်ကြောင်း တွေ့ရပါသည်။ အပိုင်း ၂ တွင် နမူနာအက်ဆေး၏ coherence and cohesion ကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ အပိုင်း ၁ ကဲ့သို့ပင် နမူနာအက်ဆေးကို အသေးစိတ်လေ့လာမှု ပြုသွားမည် ဖြစ်သည့်အတွက် အက်ဆေးပါ စာပုဒ်များ၊ စာသားများကို ထပ်ခါထပ်ခါအသုံးပြုသွားပါမည်။ မေးခွန်းကို ထပ်မံဖော်ပြ အပ်ပါသည်။ Some people are very casual about handling thei...

ဘာတွေလုပ်ကြမလဲ

Image
photo: internet ဘာတွေလုပ်ကြမလဲ ပညာရေးခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးဆွေးနွေးကြတဲ့အခါမတူညီတဲ့ရှုထောင့်သဘောထားအမြင်အယူအဆဒသနအမျိုးမျိုးအပေါ်မူတည်ပြီးခေါင်းဆောင်မှုရဲ့အခန်းကဏ္ဍလုပ်ဆောင်ရမဲ့တာဝန်ဝတ္တရားတွေသတ်မှတ်လေ့လာချက်တွေကွဲပြားနိုင်ပါတယ်။နီရိုလစ်ဘရယ်အမြင်နဲ့ကြည့်ရှုတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်တွေဟာသင်ကြားရေးအလေးပေးတဲ့ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်တွေနဲ့မတူညီနိုင်သလိုပြုပြင်ပြောင်းလဲရေးဦးစားပေးလုပ်ဆောင်မဲ့ခေါင်းဆောင်ရဲ့ခေါင်ဆောင်မှုပုံစံနဲ့လဲကွဲပြားကွာခြားနိုင်ပါတယ်။ခေါင်းဆောင်မှုကိုလူမှုဆက်သွယ်ရေးအလေးပေးတဲ့လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ချဉ်းကပ်ကြည့်ရှုမယ်ဆိုလျှင်ပညာရေးစီမံခန့်ခွဲသူတွေခေါင်းဆောင်တွေအနေနဲ့ကျောင်းတစ်ကျောင်းရဲ့ပညာရေးအရည်အသွေးမြင့်မားလာစေဖို့မဖြစ်မနေလုပ်ဆောင်ရမဲ့တာဝန်သုံးရပ်ရှိပါတယ်။ ၁) မိမိကိုယ်တိုင်ရဲ့အရည်အသွေးအဆက်မပြတ်တိုးတက်မြင့်မားလာအောင်လေ့လာဆည်းပူးနေရန် ၂၁ရာစုမှာကမ္ဘာကြီးကအရှိန်အဟုန်နဲ့ပြောင်းလဲနေပါတယ်။အင်တာနက်တွင်တွင်ကျယ်ကျယ်အသုံးဝင်လာခြင်းသတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာမြင့်မားလာတာတွေကကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့အတွက်ကောင်းမွန်တဲ့ကြားခံတွေဖြစ်လာသလိုကမ္ဘာတစ်ဝန်းနယ်ပယ်ပေါင်း...

IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁

Image
ဤဆောင်းပါးတွင် IELTS စာမေးပွဲများတွင် မေးမြန်းခဲ့ဖူးသည့် Writing Task 2 မေးခွန်းတစ်ခုကို အစမ်းဖြေဆိုထားသည့် အက်ဆေးတစ်ပုဒ်ကို British Council's Take IELTS အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့် IELTS TASK 2 Writing band descriptors (public version) ကို အသုံးပြု၍ လေ့လာဆန်းစစ်မှု ပြုသွားပါမည်။ နမူနာအက်ဆေးကို အသေးစိတ်လေ့လာမှု ပြုသွားမည် ဖြစ်သည့်အတွက် အက်ဆေးပါ စာပုဒ်များ၊ စာသားများကို ထပ်ခါထပ်ခါအသုံးပြုသွားပါမည်။ မေးခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words. နမူနာအဖြေအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ဤအဖြေကို အကြမ်းအားဖြင့် ၇ မှတ် ပေးထားပါသည်။ Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for...

ပြသနာရှာဖွေဖြေရှင်းနည်းနှင့် အားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်း

Image
 ပြသနာရှာဖွေဖြေရှင်းနည်းနှင့် အားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာရုံးမှာအလုပ်ခွင်အတွင်းမှာလုပ်ငန်းစွမ်းဆောင်ရည်မြင့်လာဖို့သုံးသပ်ကြတဲ့အခါဘယ်လိုပြသနာတွေရှိနေသလဲဘာတွေအဆင်မပြေဖြစ်နေသလဲဆိုတာကိုသာအမြဲတမ်းနီးပါးမြင်မိကြပြီးရှိနေတဲ့ပြသနာတွေအားနည်းချက်တွေကိုဖြေရှင်းဖို့ကြိုးစားလေ့ရှိကြပါတယ်။ဒီလိုတွေ့ရှိရတဲ့ပြသနာတွေကိုဖြေရှင်းတဲ့အခါမှာလဲကျွန်တော်တို့တသမတ်တည်းလုပ်နေကြတဲ့နည်းလမ်းလေးခုရှိပါတယ်။ ပထမဦးဆုံးအဆင့်ကတော့မိမိဌာနမှဘာပြသနာတွေဘယ်လိုအားနည်းချက်တွေကြောင့်တိုးတက်မှုမရှိတာလဲတိုးတက်မှုနည်းရတာလဲဆိုတာကိုအရင်ဆုံးပြန်လည်သုံးသပ်တဲ့ပြသနာဖော်ထုတ်တဲ့အဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့လုပ်လေ့လုပ်ထရှိတာကတွေ့ရှိရတဲ့ပြသနာဖြစ်စေတဲ့အကြောင်းရင်းတွေကိုဆန်းစစ်ခြင်းပါ။ ဘယ်လို့အချက်တွေကြောင့်ဒီပြသနာတွေဖြစ်နေသလဲလူကြောင့်လားမူကြောင့်လားအချိန်နဲ့ငွေကြေးစတဲ့အရင်းအမြစ်တွေမလုံလောက်လို့လားစသည်ဖြင့်ပြသနာရဲ့အရင်းအမြစ်မှန်သမျှကိုဆန်းစစ်ပါတယ်။ ပြသနာဘာကြောင့်ဖြစ်လာသလဲသိရတဲ့အခါနောက်တစ်ဆင့်ကျွန်တော်တို့လုပ်ကြတာကဖြစ်နိုင်တဲ့ဖြေရှင်းနည်းတွေပြသနာကိုပြေလည်စေမဲ့နည်းလမ်းအဖွဲ့အစည်းရဲ့အားန...

ပူပေါင်းဆောင်ရွက်တတ်မှုကို သင်ပေးပါ၊ ညွှန်ကြားချက်ကို နည်းလမ်းမျိုးစုံသုံးပြီးပေးပါ [1]

Image
https://www.japantimes.co.jp/news/2016/12/19/national/getting-students-go-global/#.XAUZ6SdoS00 Key concepts: cooperation skills, instructions, modes of learning and representing မတူညီတဲ့ ဘဝအခြေအနေတွေကြောင့် ကျွန်တော်တို့ရဲ့ ဘဝအပေါ် ရှုမြင်ပုံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျွန်တော်တို့ ဘဝတလျှောက် မတူညီတဲ့ အမြင်ရှိတဲ့ လူတွေနဲ့ တွေ့ဆုံဆက်ဆံရတာဟာ တဖြည်းဖြည်းနဲ့ ရှောင်လွှဲလို့မရတဲ့ အရှိတရားတစ်ခုဖြစ်လာပါပြီ။ အခုနေ လူပြောသူပြောများလာတဲ့ ၂၁ ရာစုကျွမ်းကျင်မှုထဲမှာ မတူကွဲပြားတဲ့သူတွေနဲ့ “ပူးပေါင်းဆောင်ရွက်တတ်မှု” ဆိုတဲ့ အရည်အချင်းတစ်ခုလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေမှာ တစ်ဦးတစ်ယောက်ချင်းစီအရ အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ကြပေမဲ့ အများနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ အားနည်းကြတယ်လို့ ပြောသံလည်း မကြာမကြာကြားရပါတယ်။ ပူးပေါင်းဆောင်ရွက်တတ်မှုဟာ ဥပမာ အရေးအဖတ်စတဲ့ ဘာသာစကားစွမ်းရည်၊ အတွက်အချက် နဲ့ နည်းပညာ အသုံးချနိုင်မှုစတဲ့ စွမ်းရည်တွေလိုပဲ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေကို ဘာသာစကား၊ သင်္ချာနဲ့ ကွန်ပျူတာတွေကို သင်ကြားပေးသလို “ပူးပေါင်းဆေ...