IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၎


ယခုဆောင်းပါးသည် IELTS Writing Task 2 နမူနာမေးခွန်း နှင့် အဖြေ တစ်စုံကို IELTS TASK 2 Writing band descriptors (public version) ပါ အမှတ်ပေးစည်းမျဉ်းများအား အသုံးပြုပြီး လေ့လာဆန်းစစ်မှုပြုခြင်းစာစဉ်မှ နောက်ဆုံးဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် grammatical range and accuracy (သဒ္ဒါ၊ ဝါကျအထားအသိုနှင့် မှန်ကန်တိကျမှု) ကို လေ့လာဆန်းစစ်မှုပြုသွားပါမည်။ မေးခွန်းနှင့် နမူနာအဖြေတို့ကို ထပ်မံဖော်ပြအပ်ပါသည်။

မေးခွန်း
Some people are very casual about handling their money, while other people budget their money carefully. Which type of person are you? Use specific reasons and examples to support your response. You should write at least 250 words.

နမူနာအဖြေ (အကြမ်းအားဖြင့် ၇ မှတ်ပေးထားပါသည်။)
Different people have different personality traits. They have not alike interests, likes, habits and so on. It’s obvious that how people like to spend their money can’t also be the same. As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income.
On one hand, I can be very thoughtful about how my money is used as an educated person with financial literacy. I normally research very thoroughly before I purchase something, especially those with a good price. I decide to buy the things that are ultimately necessary, that will boost my health or help me keep myself in shape. I also spend my money wisely for my family and friends as they are the people that I care most about. The amount of money that I use also goes to medium-term investments that I made in cooperation with my business partners.
Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand. Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms. At times, I could end up buying the things that I won’t utilize immediately or in the near future. Perhaps, worst of all, I’m very forgetful about the financial mistakes that I have conducted.
Nevertheless, I reckon that spending one’s own money wisely is the essential skill one could possess, especially for those who have a desire for more successful lives. As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now. (309 words)

IELTS writing task 2 အက်ဆေးရေးသည့်အခါ သဒ္ဒါ၊ ဝါကျအထားအသိုနှင့် မှန်ကန်တိကျမှု (grammatical range and accuracy) အပိုင်းတွင် ၇ မှတ်ရရန် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုအပ်သည်။
uses a variety of complex structures (အဆင့်မြင့်ဝါကျတည်ဆောက်ပုံများကို အမျိုးအစား စုံလင်စွာ အသုံးပြုထားသလား?)
produces frequent error-free sentences (ဝါကျများတွင် အမှားများစွာ ပါဝင်သလား? အနည်းငယ်ပဲ ပါဝင်သလား?)
has good control of grammar and punctuation but may make a few errors (အင်္ဂလိပ်သဒ္ဒါကို နိုင်နင်းစွာ အသုံးပြုနိုင်သလား? အင်္ဂလိပ်စာပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကို မှန်ကန်စွာ အသုံးပြုနိုင်သလား?)

ယခုပထမဦးစွာ အဆင့်မြင့်ဝါကျတည်ဆောက်ပုံများကို အမျိုးအစား စုံလင်စွာ အသုံးပြုထားသလား? (uses a variety of complex structures) ကို လေ့လာပါမည်။

အက်ဆေးတွင် အသုံးပြုမည့် ဝေါဟာရများကို ရွေးချယ်ရာ၌ မေးခွန်း၏ လမ်းညွှန်မှု အရေးကြီးကြောင်း၊ မေးခွန်းပါ အဓိက စကားလုံး (key word) များသည် စာဖြေသူများ ရေးသားမည့် အက်ဆေးအတွက် ဝေါဟာရဆိုင်ရာ လမ်းပြမြေပုံ ဖြစ်ကြောင်း အပိုင်း ၃ တွင် သုံးသပ်ခဲ့ပါသည်။ သဒ္ဒါအထားအသိုနှင့် ပတ်သက်ပြီး ယင်းသဘောအတိုင်းပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ အက်ဆေးမေးခွန်းများသည် ဝေါဟာရစကာလုံးရွေးချယ်မှုအတွက်တင်မက ဝါကျတည်ဆောက်ပုံ ရွေးချယ်မှုအတွက်လည်း လမ်းပြညွှန်ကြားမှုပြုနိုင်ပါသည်။ ဥပမာအားဖြင့် မေးခွန်းတွင် စာဖြေသူ၏ အနေအထားကို မေးခွန်းထုတ်ထားသည့် “Which type of person are you?” ဟူသည့် အမေးဝါကျ ပါဝင်သည်။ ယင်းအမေးဝါကျကို တိုက်ရိုက်ဖြေဆိုထားသည့် စာဖြေသူ၏ ရပ်တည်ချက် အနေအထားကို နိဒါန်းစာပိုဒ်တွင် ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ ယင်းတွင် me ကို အရှေ့အနောက် ကော်မာ (comma) ခံ၍ အထူးပြုရေးသားသည့် ပုံစံ (As for me, who is an educator and came from middle-class family,) နှင့် အခြေအနေတစ်ရပ်ရပ်ကို ဒက်ရှ် (dash) ခံ၍ နောက်ထပ်အချက်အလက်ထပ်ပေးသည့် ပုံစံ (I regard myself as a combination of both – being very careful and not being very careful with how I spend my income) တို့ကို အသုံးပြုသွားသည်ကို တွေ့ရသည်။ စာဖြေသူသည် မေးခွန်းပေါ်အခြေခံ၍ အတန်အတင့်အဆင့်မြင့်သည်ဟု ယူဆနိုင်သည့် ဝါကျတည်ဆောက်ပုံများကို ကြိုးစားအသုံးပြုသွားသည်ကို တွေ့ရသည်။

အရှေ့တွင် ကော်မာခံ၍ အထူးပြုရေးသားသည့်ပုံစံကို နိဒါန်းအပြင် အခြားစာပိုဒ်များတွင်လည်း တွေ့ရသည်။ စာကိုယ်ပထမစာပိုဒ်တွင် … I purchase something, especially those with a good price ဟုလည်းကောင်း၊ နိဂုံးစာပိုဒ်တွင် … the essential skill one could possess, especially for those who have a desire for more successful lives ဟုလည်းကောင်း ရေးသားထားသည်ကို တွေ့ရသည်။ ယင်းသည် စာဖြေသူ၏ ဝါကျပုံစံမျိုးစုံအသုံးပြုနိုင်မှုတွင် အကန့်အသတ်ရှိနိုင်ကြောင်း ညွှန်းကိန်းလည်း ဖြစ်နိုင်သည်။

စာဖြေသူအသုံးပြုသွားသည့် အခြားအတန်အတင့်အဆင့်မြင့်သည်ဟု ယူဆနိုင်သည့် ဝါကျပုံစံများတွင် ရှေ့၌ that/who ခံပြီး တစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ယောက်ကို အထူးပြုရေးသားသည့် ဝါကျရေးထုံးကိုလည်း သုံးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ စာကိုယ်ပထမစာပိုဒ်တွင်
buy the things that are ultimately necessary… ၊ things …, that will boost my health or help me keep myself in shape ၊ … amount of money that I use… ၊ … medium-term investments that I made in cooperation… ဟူ၍လည်းကောင်း၊ စာကိုယ်ဒုတိယစာပိုဒ်တွင် the fact that I used to work as an account(ant)... ၊ ... buying the things that I won’t utilize immediately… ၊ … the financial mistakes that I have conducted ဟူ၍လည်းကောင်း၊
နိဂုံးအပိုဒ်တွင် … those who have a desire for more successful lives… ဟူ၍လည်းကောင်း သုံးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် နမူနာအက်ဆေးတွင် အတန်အတင့်အဆင့်မြင့်သည်ဟု ယူဆနိုင်သည့် ဝါကျဖွဲ့စည်းပုံများကို အသုံးပြုသွားသော်လည်း ယင်း၏ အမျိုးအစားစုံလင်မှုမှာ အကန့်အသတ်ရှိကြောင်း သုံးသပ်ချင်ပါသည်။

ဒုတိယအချက်ကို လေ့လာဆန်းစစ်ကြည့်ပါမည်။ ဝါကျများတွင် အမှားများစွာ ပါဝင်သလား? အနည်းငယ်ပဲ ပါဝင်သလား? (produces frequent error-free sentences) ဟူသည့်အချက်ကိုလည်း လေ့လာဆန်းစစ်ကြည့်ပါဦးမည်။ ဤအချက်သည် native speaker မဟုတ်သည့် စာရေးသူအတွက် လွန်စွာမှ တာဝန်ကြီးသည်ဟု ယူဆသည့်အတွက် နည်းပညာအကူအညီရယူထားပါသည်။ အွန်လိုင်းပေါ်တွင် အင်္ဂလိပ်သဒ္ဒါအသုံးကို အခမဲ့ စစ်ဆေးပေးနိုင်သည့် www.scribens.com ကို အသုံးပြုထားပါသည်။ Scribens ၏ နည်းပညာတွင် ဝေါဟာရစကားလုံး အသုံးအနှုန်းဝေဖန်ချက်များလည်း ပါဝင်လင့်ကစား ဤဆောင်းပါးတွင်မူ ဝါကျဖွဲ့စည်းပုံအပေါ် ဆန်းစစ်မှုကိုသာ ကောက်နှုတ်ဖော်ပြသွားပါမည်။

အက်ဆေးဒုတိယစာပိုဒ်တွင် ဖော်ပြပါရှိသည့် … the things that are ultimately necessary, … ကို Scribens က awkward sentence (မလိုအပ်ဘဲ အဆန်းထွင်သုံးသည့် ဝါကျ) ဟု သုံးသပ်ထားသည်။ … the things that are most necessary for me သို့မဟုတ် the things that I need the most, … ဟု ပို၍ ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်မည် ထင်ပါသည်။ ယင်းအသုံးသည် awkward ဖြစ်သည့်အပြင် ကျစ်လစ်မှုမရှိသည့် (word reduction လုပ်ရန်လိုသည့်) စကားစုဟုလည်း Scribens က သတ်မှတ်သည်။ စကားလုံးဖောင်းပွနေသည့် အခြားဥပမာများမှာ နိဒါန်းစာပိုဒ်ပါ It’s obvious that how people like to spend their money… နှင့် … not being very careful… တို့ဖြစ်သည်။ ပထမဝါကျတွင် It’s obvious that how ကို ဖြုတ်၍ The ways people spend their money can’t also be the same ဟူ၍လည်းကောင်း၊ People spend their money in different ways ဟူ၍လည်းကောင်း ပို၍ ကျစ်ကျစ်လစ်လစ်ရေးနိုင်မည်ဟု ထင်ပါသည်။

ထို့အပြင် နိဒါန်းပါ As for me, who is an educator and came from middle-class family, I regard myself as a combination of both – being very careful and not being very careful with how I spend my income. ကိုလည်းကောင်း၊ စာကိုယ်ဒုတိယစာပိုဒ်ပါ Despite the fact that I used to work as an account for almost two years, I’m still weak in accounting in general and in budgeting and keeping daily financial records in more specific terms. ကိုလည်းကောင်း၊ နိဂုံးပါ As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses and waste less financial resources of mine from now. ကိုလည်းကောင်း run-on ဝါကျများ ဟု Scribens က မှတ်ယူသည်။ အထက်ဖော်ပြပါဝါကျ တစ်ခုစီတွင် အနည်းဆုံးအစိတ်အပိုင်း ၃ ခုကို ဝါကျဆက်စကားလုံးများ သို့မဟုတ် ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ အသုံးပြု၍ ဆက်စပ်ထားသည်ကို တွေ့ရသည်။ ယင်းကဲ့သို့  ၂ ခုထက်ပိုသည့် အစိတ်အပိုင်းများကို စုပေါင်းဝါကျ (သို့မဟုတ် ဝါကျရှည်) အဖြစ်ပေါင်းစပ်ရေးသည့်အခါ conjunction (သမ္ဗန္ဓ) သို့မဟုတ် punctuation (ပုဒ်ဖြတ်ပုဒ်ရပ်) အသုံး မှန်ကန်မှုမရှိပါက ဆိုလိုသည့်အဓိပ္ပာယ် မပေါ်လွင်သည့် ခြေအနေမျိုးရောက်သွားနိုင်သည်။

စာဖြေသူ၏ ဆိုလိုရင်း နှင့် စာဟန် (စတိုင်လ်) ကိုမပျက်ယွင်းစေဘဲ အထက်ပါဝါကျ ၃ ကြောင်းကို ပြန်ရေးကြည့်ပါမည်။ ပထမဝါကျကို As an educator who came from a middle-class family, I regard myself as a combination of both. I am both careful and casual about how I spend my money ဟူ၍လည်းကောင်း၊ ဒုတိယဝါကျကို Despite the fact that I used to work as an account(ant) for almost two years, I’m still weak in accounting, budgeting and keeping daily financial records ဟူ၍လည်းကောင်း၊ တတိယဝါကျကို As a person with a big dream of becoming wealthy, I remind myself to become more and more aware of my expenses, and not to waste much financial resources ဟူ၍လည်းကောင်း ပြန်လည်ပြင်ဆင်ရေးကြည့်နိုင်ပါသည်။

အထက်တွင်လေ့လာသုံးသပ်ခဲ့သည့် အချက်များအားလုံးသည် နောက်ဆုံးအချက်ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကို နိုင်နင်းစွာ အသုံးပြုနိုင်သလား? အင်္ဂလိပ်စာပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကို မှန်ကန်စွာ အသုံးပြုနိုင်သလား? (has good control of grammar and punctuation but may make a few errors) ဟူသည့် အချက်အတွက် ကောက်ချက်ချသုံးသပ်ရန် လွန်စွာ အထောက်အကူပြုသည်ကို တွေ့ရသည်။ စာဖြေသူသည် အတော်အတန်အဆင့်မြင့်သည်ဟု ယူဆနိုင်သည့် ဝါကျပုံစံတချို့ကို ကြိုးစားအသုံးပြုထားကြောင်း တွေ့ရသော်လည်း ယင်းဝါကျများတွင် အင်္ဂလိပ်သဒ္ဒါဆိုင်ရာ အမှားများကိုလည်း တွေ့ရပါသည်။ သို့သော် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတအသုံးပြုမှုတွင် စာကိုယ်ဒုတိယစာပိုဒ် ပထမစာကြောင်း Simultaneously, I can, however, be quite causual about dealing with my own financial issues on the other hand. တွင် ကော်မာအများကြီး အသုံးပြုထားသည်ဟု သုံးသပ်ထားသည့် Scribens ၏ သုံးသပ်ချက်မှ လွဲ၍ အခြားကြီးမားသည့် အမှားများမပါရှိကြောင်း လေ့လာတွေ့ရှိရသည်။ ယင်းဝါကျတွင် however အစား also ကို သုံး၍ အောက်ပါအတိုင်း ကော်မာလျှော့သုံးနိုင်သည်။ Simultaneously, I can also be quite casual about dealing with my own financial issues on the other hand.

နိဂုံး။ နမူနာအက်ဆေးသည် ဝါကျတည်ဆောက်ပုံများနှင့်ပတ်သက်၍ မေးခွန်းအပေါ်အခြေခံထားသည်ဟူ ယူဆနိုင်သည်။ ယင်းမှာ ကောင်းမွန်သည့်အချက်ဖြစ်သည်။ ထို့အပြင် ပုဒ်ဖြတ်ပုဒ်ရပ်ဆိုင်ရာအမှားအနည်းငယ်သာ ရှိသည်ကိုလည်း လေ့လာတွေ့ရသည်။ အတော်အတန်အဆင့်မြင့်သည်ဟု မှတ်ယူနိုင်သည့် ဝါကျရေးထုံးများကိုလည်း စာဖြေသူက ကြိုးစားအသုံးပြုသွားသည်ကိုလည်း တွေ့ရသည်။ သို့သော် အက်ဆေးသည် ဝါကျတည်ဆောက်ပုံ အမျိုးအစားစုံလင်မှုတွင် အကန့်အသတ်ရှိနေပြီး www.scribens.com ၏ သုံးသပ်ချက်အရ ယင်းဝါကျများတွင် သဒ္ဒါဆိုင်ရာအမှားများစွာလည်း ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် စာဖြေသူသည် ၎င်း၏ IELTS writing task 2 အက်ဆေးများတွင် ၇ မှတ်နှင့်အထက် ရယူလိုပါက grammatical range and accuracy အပိုင်းအတွင် ထပ်မံကြိုးစားလေ့လာရန် လိုအပ်ကြောင်းသုံးသပ်ရင်း နိဂုံးချုပ်အပ်ပါသည်။

Task achievement ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါးကို IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၁ တွင်လည်းကောင်း၊
Coherence and cohesion ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၂ တွင်လည်းကောင်း၊
Lexical resource (vocabulary) ကို လေ့လာဆန်းစစ်ထားသည့် ဆောင်းပါး IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်း အပိုင်း ၃ တွင်လည်းကောင်း သွားရောက်ဖတ်ရှုနိုင်ပါသည်။

ဆောင်းပါး ၄ ပုဒ်စလုံးအား ပြန်ပေါင်းချုပ်ထားသည့် PDF ဖိုင် အား ရယူလိုပါက မိမိတို့၏ အီးမေးလ်လိပ်စာများကို ကျွန်တော်/မတို့၏ DreamEd ဖေ့စ်ဘွက်ခ်စာမျက်နှာမှတစ်ဆင့် “IELTS Writing Task 2 နမူနာအက်ဆေးတစ်ပုဒ်ကို လေ့လာခြင်းဆောင်းပါးပေါင်းချုပ်” ဟု မက်ဆေ့ဂ်ျပေးပို့ထားနိုင်ပါသည်။ PDF ဖိုင်အား အွန်လိုင်းပေါ်တွင်လည်းကောင်း၊ စာရွက်ဖြင့် ပရင့်ထုတ်၊ မိတ္တူဆွဲ၍သော်လည်းကောင်း နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ မိမိ မိတ်ဆွေသူငယ်ချင်းများနှင့်လည်း လွတ်လပ်စွာ ဝေမျှခြင်း ပြုနိုင်ပါသည်။

ထို့အပြင် မိမိအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အက်ဆေးများကို အထက်ပါအတိုင်း ဝေဖန်ဆန်းစစ်စေလိုပါက အီးမေးလ်ဖြင့် swezinale@gmail.com သို့လည်းကောင်း၊ Whatsapp ဖြင့် +61466341645 သို့လည်းကောင်း၊ Skype ဖြင့် swezinmm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ https://sites.google.com/view/testreadyielts/quality-checking-services/essays တွင်လည်း ဤဝန်ဆောင်မှုအကြောင်း သွားရောက်လေ့လာနိုင်ပါသည်။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁