Posts

Showing posts from November, 2018

ဆွီဒင်နိုင်ငံပညာသင်ဆုအခွင့်အလမ်း

Image
ဆွီဒင်နိုင်ငံပညာသင်ဆုအခွင့်အလမ်း ဒီတစ်ပတ်DreamEdရဲ့ပညာသင်ဆုအခွင့်အလမ်းသတင်းအနေနဲ့ ဆွီဒင်နိုင်ငံအစိုးရကပေးတဲ့ Swedish Institute of Study Scholarship (SISS)ပညာသင်ဆုအကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံအကြောင်းတစေ့တစောင်း ဆွီဒင်နိုင်ငံဟာ ဥရောပမြောက်ပိုင်းမှာတည်ရှိပြီး နော်ဝေ၊ဖင်လန်၊ဒိန်းမတ်တို့နဲ့ အိမ်နီးချင်းစကင်ဒီနေဗီးယားနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်နိုဘယ်ဆုများရဲ့အလှူရှင် သိပ္ပံပညာရှင်အဲလ်ဖရက်နိုဘယ်ရဲ့ဇာတိမြေလဲဖြစ်ပါတယ်။ လူဦးရေ၁၀သန်းကျော်သာရှိပြီး မြိုတော်ကစတော့ဟုမ်းဖြစ်ပါတယ်။ လူနေမူအဆင့်အတန်းမြင့်မားပြီးချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သလို ပညာရေးအဆင့်အတန်းလဲမြင့်မားပါတယ်။ စတော့ဟုမ်းတက္ကသိုလ်၊ ဥပစာလာတက္ကသိုလ်တွေဟာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေထဲမှာပါဝင်တဲ့ သက်တမ်းရင့်တက္ကသိုလ်ကြီးတွေဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့သင်ကြားပြီး ဆွီဒင်လူမျိုး ၉၀%နီးပါးက အင်္ဂလိပ်လိုပြောဆိုနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက်ဘာသာစကားအခက်အခဲနည်းပါနိုင်ပါတယ်။ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး ယဉ်ကျေးပြီးလုံခြုံတဲ့လူမူဝန်းကျင်ရှိတယ်လို့ထင်ရှားတဲ့အတွက် ဆွီဒင်နိုင...

စိတ်ခံစားမူကိုလေ့ကျင့်ပျိုးထောင်ခြင်း

Image
စိတ်ခံစားမူကိုလေ့ကျင့်ပျိုးထောင်ခြင်း လူအများနဲ့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်အကိုင်မျိုးမှာ လုပ်နေတဲ့သူတွေဟာ လူအမျိုးအမျိုးစိတ်အထွေထွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ကျေနပ်ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေရှိသလို စိတ်အခန့်မသင့်၊စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စတွေကလည်းမလွဲဧကန်ကြုံကြရတယ်။ အထူးသဖြင့်မတူညီတဲ့ ဓလေ့ထုံးစံ၊ မတူညီတဲ့ အရပ်ဒေသ၊ မတူညီတဲ့မိသားစုတွေကနေပေါက်ဖွားလာကြတဲ့ ကလေးပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့တစ်ဓူဝ လုပ်ငန်းဆောင်တာတွေက လည်း အမြဲတမ်းချောမွေ့မနေနိုင်ဘူး။ စိတ်ခံစားမှုတွေနဲ့ဖွဲ့စည်းထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ပင်ပန်းမှုတွေကြုံရတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားရတဲ့လုပ်ငန်းတွေကို ထိရောက်ပြီးမြောက်အောင် ဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။ စိတ်ခံစားမှုလို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုအပေါ်မှာ လူတစ်ဦးတစ်ယောက်စီတိုင်းကသူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေအပေါ်မူတည်ပြီး ဘယ်လိုတွေးခေါ်တုန့်ပြန်သလဲဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ စာသင်ကြားနေရတဲ့ ဆရာ၊ဆရာမတွေလုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ ကောင်းခြ...
Image
ကျောင်းသားတွေ မတူညီကြရင် ဘယ်လိုသင်ကြားမလဲ (၁) တစ်နေ့ စာသင်ခန်းဝင်ဖို့ စဉ်းစားပြင်ဆင်နေလိုက်တယ်။ သင်ကြားမယ့်သင်ခန်းစာက သင်နည်းတွေကို ဘယ်လိုသုံးသင့်တယ်ဆိုတာမျိုးဖြစ်ပါတယ်။   သင်နည်းတွေကို တိုက်ရိုက်ပို့ချမယ့်အစား ဘာကြောင့်သင်နည်း မျိုးစုံသုံးသင့်တာဆိုတာမှစတင်လိုက်တယ်။ ဘာကြောင့်သင်နည်း တစ်ခုမက သုံးသင့်တာလဲ။ စာဖတ်သူလဲစဉ်းစားကြည့်နိင်ပါတယ်။  အရင်ဆုံး ကျောင်းသားတွေကို လေ့လာကြည့်မယ်။ ယခင်တုန်းက ကျောင်းသားတွေကို အများစုကဘယ်လိုမြင်ခဲ့ကြသလဲ။ ကျောင်းသား သူငယ်တွေ ကျောင်းမှာ စာသင်ယူဖို့ရာ သူတို့မှာ ယခင်က သင်ယူခဲ့တာမျိုး မရှိကြဘူး။ ကျောင်းမှာ သင်ယူရမယ့် အကြောင်းအရာတွေက သူတို့အတွက် အသစ်အဆန်းတွေဖြစ်တယ်။ ဒါကြောင့် သင်ကြားပြသသူက သူသိတာတွေကို ကျောင်းသားထံ စာသင်ချိန် တစ်ချိန်လုံး သင်ကြားပို့ချပေးတယ်။ ရေဘူး အလွတ်ထဲကိုရေ လောင်းထည့်သလိုမျိုး တရစပ် သင်ကြားမှုကို ပြုလုပ်ပေးတယ်။ (ဆိုကရေးတီး က စာသင်ရင် ဝမ်းဆွဲသည် လိုမျိုး ကလေးမှာ ရှိတဲ့ အသိပညာကို ဖော်ထုတ်ပြီး သင်ကြားခဲ့ပေမယ့် ဆိုကရေးတီးရဲ့ လမ်းညွှန်ချက်ကို မလိုက်နာနိင်ခဲ့ကြတာဖြစ်နိင်တယ်)။  ကလေးတွေ ကျောင်းကိုလာတာ သူတို့သင...

ပညာရေးနှင့်ဆက်စပ်သူတိုင်းသိသင့်သော ဦးနှောက်နှင့်ပတ်သက်သည့်အယူအဆအမှားများ

Image
photo:internet ပညာရေးနှင့်ဆက်စပ်သူတိုင်းသိသင့်သော ဦးနှောက်နှင့်ပတ်သက်သည့်အယူအဆအမှားများ ၂၁ရာစုပညာရေးမှာ သင်ယူမူ(learning)ကို ပညာရေးဖြစ်စဉ်ရဲ့ဗဟိုချက်အဖြစ်အလေးအနက်ပိုထားလာပါတယ်။ စာသင်ကြားပေးခြင်း(teaching)ရဲ့အန္တိမရည်ရွယ်ချက်ဟာလဲကျောင်းသားတွေရဲ့သင်ယူမူကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်ဖို့နဲ့ နောက်ဆုံးမှာသူတို့ကိုယ်တိုင်သင်ယူလေ့လာနိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုကျောင်းသားတွေရဲ့သင်ယူမူကိုအကောင်းဆုံးအထောက်အပံ့ပေးရာမှာ လူ့ဦးနှောက်ဟာဘယ်လိုဖွဲ့စည်းထားသလဲ၊ ဘယ်လိုသင်ယူလေ့လာသလဲ၊ ဘယ်လိုသင်ကြားနည်းတွေနဲ့သင်ရင် ဦးနှောက်ကအကောင်းဆုံးသင်ယူလေ့လာနိုင်မလဲဆိုတာတွေကိုပါ လေ့လာနေကြပါတယ်။ ဒီလေ့လာမူတွေကို ပညာရေးမှာထိထိရောက်ရောက်သုံးနိုင်ဖို့ကြိုးစားကြရာက ပညာရေး၊ စိတ်ပညာ၊ ဦးနှောက်လေ့လာမူပညာ (Neuroscience)ဆိုတဲ့ နယ်ပယ်သုံးခုက်ုပေါင်းပြီး သင်ယူမူလေ့လာရေးပညာ(Science of Learning)ဆိုတဲ့ဘာသာရပ်အသစ်တစ်ခုပေါပေါက်လာပါတယ်။ ဒီဘာသာရပ်ကိုကမ္ဘာတစ်လွှားက ထိပ်တန်းတက္ကသိုလ်တွေမှာ သီးခြားသုတေသနဌာနတွေတည်ထောင်ပြီး စနစ်တကျလေ့လာနေကြပါတယ်။ ဒီသုတေသနတွေ့ရှိချက်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က ဆရာဆရာမတွေ၊ မိဘ...

ဗီယက်​နမ်​ပညာ​ရေးက​နေဘာ​တွေအတုယူကြမလဲ

Image
ဗီယက်​နမ်​ပညာ​ရေးက​နေဘာ​တွေအတုယူကြမလဲ ဗီယက်​နမ်​ဆိုတာ သမိုင်းမှာအင်​အားကြီးနိုင်​ငံ​တွေရဲ့ကျူး​ကျော်မူကိုအကြိမ်​ကြိမ်​ခံခဲ့ရတဲ့တိုင်းပြည်​။ တိုင်းပြည်​နှစ်​ခြမ်းကွဲ​လောက်​​အောင်​ပြည်​ပကျူး​ကျော်​စစ်​၊ပြည်​တွင်းစစ်​ဒဏ်​​တွေခံခဲ့ရတဲ့တိုင်းပြည်​။ သို့​ပေမယ့်​ အခု၂၁ရာစုဗီယက်​နမ်​ဟာ ရာဇဝင်​ထဲကဇာမနီငှက်​လိုအင်​အားအပြည့်​နဲ့ ပြန်​လည်​နိုးထလာခဲ့ပြီး အာရှရဲ့တက်​သစ်​စစီးပွား​ရေးကျားတစ်​​ကောင်​လို့သတ်​မှတ်​ခံ​နေရပါပြီ။ စီးပွား​ရေးမှာတင်​မဟုတ်​ပဲ ပညာ​ရေးမှာလဲ ဗီယက်​နမ်​ရဲ့ တိုးတက်​လာမူဟာ ကမ္ဘာမှာ အံဩ​လောက်​စရာဖြစ်​လာ​နေပါတယ်​။ ၂၀၁၂နဲ့၂၀၁၅ခုနှစ်​​တွေမှာ စစ်​​ဆေးခဲ့တဲ့ နိုင်​ငံတကာ​ကျောင်းသားများပညာ​ရေးအဆင့်​အကဲဖြတ်​မူ(PISA)အရ ဗီယက်​နမ်​ဟာ US/UKတို့လိုဖွံဖြိုးပြီးနိုင်​ငံ​တွေကို​ကျော်​တက်​ပြီး နှစ်​ကြိမ်​ဆက်​တိုက်​ကမ္ဘာ့အဆင့်​(၈)​နေရာမှာရပ်​တည်​နိုင်​ခဲ့ပါတယ်​။ PISA(Programme for International Student Assessment)ဆိုတာက​တော့ စီးပွား​ရေးပူး​ပေါင်း​ဆောင်​​ရွက်​ရေးနဲ့ဖွံဖြိုးတိုးတက်​မူအဖွဲ့(OECD)ကဦး​ဆောင်​ပြီး နိုင်​ငံ​ပေါင်း​ခြောက်​ဆယ်​​ကျော်​က (၁၅)နှစ်​အရွယ်​​ကျောင်းသ...

၂၁ရာစုအတွက်ခေါင်းဆောင်မှု

Image
photo:internet ၂၁ရာစုအတွက်ခေါင်းဆောင်မှု နိုင်ငံတစ်ငံရဲ့ပညာရေးအဆင်အတန်းတိုးတက်စေဖို့အတွက်ကျွမ်းကျင်ထိရောက်တဲ့ပညာရေးစီမံခန့်ခွဲသူပညာရေးခေါင်းဆောင်ကောင်းအများအပြားလိုအပ်ပါတယ်။ နိုင်ငံတကာကသုတေသနတွေကိုလေ့လာကြည့်ရင်လည်းပညာရေးခေါင်းဆောင်များရဲ့အရည်အသွေးမြင့်မားလေလေအဆိုပါနိုင်ငံရဲ့ပညာအဆင့်အတန်းမြင့်မားလေဖြစ်ပါတယ်။ပညာရေးခေါင်ဆောင်မှုနဲ့ပတ်သက်လို့'၂၁ရာစုအတွက်ခေါင်းဆောင်မှု' ဆိုတဲ့စာအုပ်ထဲမှာ အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးသပ်လေ့လာနိုင်စေရန်ခေါင်းဆောင်မှုပါရာဒိုင်းနှစ်မျိုးကိုနှိုင်းယှဉ်ဖော်ပြထားပါတယ်။ ၁) စက်မှုခေတ်ခေါင်းဆောင်မှုပုံစံ ၂၀ရာစုအထိတွင်တွင်ကျယ်ကျယ်သုံးခဲ့တဲ့ပုံစံဖြစ်ပြီးအဖွဲ့အစည်းတော်တော်များများတွင်ယခုထိသုံးစွဲနေဆဲခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။ဒီပုံစံမှာတော့ခေါင်းဆောင် လုပ်သူဟာဦးဆောင်သူဆိုတာထက်စီမံခန့်ခွဲသူပိုဆန်ပါတယ်။အာဏာခွဲဝေမှု ပုံစံကလဲခေါင်းဆောင်တစ်ယောက်တည်းအပေါ်မှာသာမူတည်ပါတယ်။ လက်အောက်ငယ်သားတွေအနေနဲ့ခေါင်းဆောင်ပြောသမျှခိုင်းသမျှကိုသာလိုက်နာရပြီးပြန်လည်မေးခွန်းထုတ်နိုင်တဲ့အခြေနေမရှိသလောက်နည်းပါးတယ်။လက်အောက်ငယ်သားရဲ့အကြံဥာဏ်အယ...

စဉ်ဆက်မပြတ်တိုးတက်ဖို့

Image
Continuous Improvement စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျောင်းတစ်ကျောင်းစီရဲ့ပညာရေးတိုးတက်မှနိုင်ငံ့ပညာရေးအဆင့်အတန်းပညာအရည်အသွေးမြင့်မားနိုင်မှာပါ။ဒါကြောင့်ကျောင်းအုပ်တွေပညာရေးခေါင်းဆောင်တွေစွမ်းဆောင်ရည်မြင့်နေဖို့နဲ့ ၄င်းတို့ရဲ့ခေါင်းဆောင်မှုကိုအဆက်မပြတ်မြှင့်ပေးနိုင်ဖို့လိုအပ်လာပါတယ်။ နိုင်ငံတကာပညာရေးပေါ်လစီတွေမှာကျောင်းအုပ်တွေရဲ့ခေါင်းဆောင်မှုအရည်အသွေးတိုးတက်ရေးအတွက်ဦးစားပေးပြီး ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲဆိုတာကိုနည်းလမ်းရှာဆောင်ရွက်လာကြပါတယ်။ပညာရေးခေါင်းဆောင်တွေရဲ့ခေါင်းဆောင်မှုအရည်အသွေးတိုးတက်လာအောင်ပြုစုပျိုးထောင်တဲ့နည်းလမ်းတွေကိုလဲသုတေသနလုပ်ပြီးထိရောက်ပြီးစွမ်းဆောင်ရည်မြင့်တဲ့ခေါင်းဆောင်တွေဖြစ်လာအောင်ပြင်ဆင်ပေးလာကြပါတယ်။ မြန်မာမှာလဲမကြာသေးခင်က ကျောင်းအဆင့်တွေမြှင့်ပြီးအလယ်တန်းကျောင်းအုပ်အသစ်တွေအများကြီးခန့်ထားပေးတာတွေ့ရတော့ ငယ်ရွယ်ဖြတ်လတ်တဲ့ခေါင်းဆောင်တွေအတွေးခေါ်ဆန်းသစ်ပြီးလုပ်နိုင်ကိုင်နိုင်သင်ယူနိုင်တဲ့လူငယ်ကျောင်းအုပ်တွေရှိလာတာဝမ်းသာမိသလို အခြားတစ်ဖက်မှာလဲ ခန့်ထားလိုက်တဲ့ကျောင်းအုပ်အသစ်တွေမှာလုံလောက်တဲ့အရည်အချင်း ထိထိရောက်ရောက်ခေါင်းဆောင်နိုင်တဲ့အခြေအနေရှိပါရဲ့လားလုံလောက်တြဲ့...

ဘာသာရပ်ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ

Image
https://www.oclc.org/zh-Hans/school.html မဲလ်ဘုန်းတက္ကသိုလ်မှာ ပညာရေးမဟာဘွဲ့တက်တော့ မဖြစ်မနေ ယူရတဲ့ ဘာသာရပ်တွေ ၆ ခုကလွဲလို့ ကျန်တဲ့ ဘာသာရပ် ၁၀ ခု ကို ကိုယ့်ဘာသာရွေးချယ်ရပါတယ်။ optional ထဲက အများဆုံး ၆ ခု နဲ့ elective ထဲက အများဆုံး ၄ ခု ရွေးတက်ရပါတယ်။ ဒီ လမ်းကြောင်းနှစ်ခုစလုံးမှာ ရွေးချယ်စရာ အများကြီးရှိတဲ့အတွက် ကိုယ်ပေးရတဲ့အချိန်နဲ့ ထိုက်တန်၊ ကိုယ့်လိုအပ်ချက်နဲ့လည်း ကိုက်ညီ၊ နောင်မှာလည်း ကိုယ့်အတွက်အသုံးဝင်မဲ့ ဘာသာရပ်တွေ ရွေးချယ်တက်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီလို ရွေးချယ်တဲ့အခါ တတ်နိုင်သမျှ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အကြောင်းအရာတွေ များနိုင်သမျှ များများ သိထားရင် ပိုပြီးတော့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အများအားဖြင့် တက္ကသိုလ်ကျောင်းတွေက ဘာသာရပ်နဲ့ ပတ်သက်လို့သော်လည်းကောင်း၊ course တစ်ခုလုံးနဲ့ ပတ်သက်လို့သော်လည်းကောင်း အချက်အလက်တော်တော်များများကို အင်တာနက်ပေါ် တင်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ ယူနီမဲလ်ဘုန်းမှာဆိုရင် course နဲ့ subjects (ဘာသာရပ်) တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို () မှာ တင်ထားပေးပါတယ်။ အခုမှ ကျောင်းနဲ့ course စ ပြီးရွေးချယ်ရမဲ့သူတွေအတွက်က course နဲ့ ...

Flipped Learning သို့မဟုတ် စာသင်ခန်းအတွင်းအပြင် သင်ယူမှုဖြစ်စဉ်များကို နည်းပညာသုံး၍ ချိတ်ဆက်ခြင်း (1)

Image
၂၀၁၈ နှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာ အခြေဆိုက် U.S. embassy’s Regional English Language Office (RELO) က စီစဉ်သည့် အွန်လိုင်းသင်တန်းတစ်ခုတက်မှ flipped learning ဟူသည့် ဝေါဟာရနှင့် ကျွန်တော် စတင်ရင်းနှီးလာခဲ့သည်။ သင်တန်းတက်နေစဉ်အတွင်း ခန်းအကယ်ဒမီ တည်ထောင်သူ ဆယ်လမန်ခန်း၏ ၂၀၁၁ TED talk ဗီဒီယို (Let’s use video to reinvent education) ကို ကြည့်ရှုရသည့် လေ့ကျင့်ခန်းတစ်ခုကိုလည်း လုပ်ရသည်။ ယင်းတွင် ခန်းက သူ့တူလေး ကျောင်း၌ လေ့လာနေသည့် သင်ခန်းစာများအတွက် အထောက်အကူပြုရန် အင်တာနက်ပေါ် ဗီဒီယိုများ တင်ပေးရာမှ အဆိုပါဗီဒီယိုများသည် တူဖြစ်သူများ သာမန်ရိုးကျနည်းလမ်းမှ ဖောက်ထွက်သင်ယူရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပုံကို သတိထားလာမိကြောင်း ပြန်လည်တင်ပြပြောဆိုသည့် အပိုင်းများ ပါဝင်သည်။ သို့နှင့် ခန်းအကယ်ဒမီကို တည်ထောင်ပြီး ပညာရေးဆိုင်ရာဗီဒီယိုများကို အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တင်လာခဲ့ရာ ယခုအခါ ခန်းအကယ်ဒမီသည် ကမ္ဘာတဝှမ်းမှ ဆရာ/မအများအပြားအတွက် flipped learning ကို အကောင်အထည်ဖော်ရန် လွန်စွာအသုံးဝင်သည့် ပညာရေးဆိုင်ရာအင်တာနက်စာမျက်နှာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ Flipped ...

၂၁ရာစုပညာရေး အပိုင်း(၂)

Image
https://www.slideshare.net/vajidchankarath/the-4-cs-ppt (၃)ကိုယ်ပိုင်အတွေးအခေါ်ရှိအောင်သင်ကြားပေးပါ သမရိုးကျပညာသင်ကြားရေးစနစ်က မျိုးဆက်ဟောင်းတွေရဲ့အတွေ့အကြုံ၊အတွေးအမြင်တွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းမျှဝေပေးတဲ့အလုပ်ကို အဓိကဆောင်ရွက်ပါတယ်။ သီအိုရီသဘောတရားတွေ အတွေးအခေါ်အယူအဆတွေ နည်းနာနိသယတွေနဲ့ လက်တွေ့ဘဝမှာပြသနာတွေကြုံလာရင် ဒါတွေကိုသုံးပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်လို့ သင်ကြားပေးတာဖြစ်ပါတယ်။ သို့သော် ၂၁ရာစုရောက်လာတဲ့အခါ ဒီကလေးတွေလက်တွေ့လောကထဲဝင်မယ့် နောက်ငါးနှစ် သို့မဟုတ် နောက်ဆယ်နှစ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲဆိုတာ မှန်းဆနိုင်ဖို့အလွန်ခက်ခဲနေပါပြီ။ သေချာတာကတော့ နည်းပညာရဲ့တိုးတက်ပြောင်းလဲလာမှုနဲ့အတူ လက်တွေ့ဘဝပြဿနာတွေဟာ ပိုပြီးကျယ်ပြန့်ရှုပ်ထွေးလာနေပါတယ်။ ဥပမာပြောရရင် ကွန်ပျူတာနည်းပညာတွေဟာ ၁၈လကိုနှစ်ဆပွားနေတယ်လို့ နယူးယောက်တိုင်းသတင်းစာဆရာ တောမတ်စ်ဖရီးမင်းက သူ့ရဲ့နာမည်ကျော်စာအုပ်"ကမ္ဘာပြားပြီ"မှာဆိုပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ကျောင်းမှာသင်ပေးလိုက်တာ ကွန်ပျူတာနည်းပညာတွေဟာ နောက်ငါးနှစ်လောက်နေရင် သုံးလို့မရသလောက်နီးပါး ခေတ်နောက်ကျနေတော့မှာပါ။ ဒီလို သေ...

၂၁ရာစုပညာရေး အပိုင်း (၁)

Image
https://christineonbecominga21stcenturyteacher.wordpress.com/2015/09/13/shifting-to-21st-century-learning/comment-page-1/ ၂၁ရာစုမှာ အသိသာအထင်ရှားဆုံးအခြင်းအရာတစ်ခုကတော့ အလုပ်အကိုင်ပုံစံများပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်။ အလုပ်ပုံစံဟောင်းတွေပျောက်ကွယ်လာပြီး အလုပ်အကိုင်ပုံစံသစ်တွေပေါ်လာနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပထမဆုံးအမေရိကန်အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က မိန့်ခွန်းတစ်ခုမှာဒီလိုပြောဖူးပါတယ်။ "ကျွန်မတို့ငယ်ငယ်က ဂျနရယ်မော်တာက အမေရိကန်ရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းခြောက်သိန်းကျော်တောင်ရှိပါတယ်။ အခုFacebookရဲ့ပိုင်ဆိုင်မှုက ၁၉ဘီလီယံဒေါ်လာ အလုပ်သမားကတော့ ၅၅ယောက်ပဲရှိပါသတဲ့။" ဒါဖြင့်အလုပ်အကိုင်တွေရှားသွားတာလား။ ဒီလိုတော့လည်းမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက Elanceဆိုတဲ့ websiteတစ်ခုမှာ အလုပ်အပ်ချင်တဲ့သူနဲ့ အလုပ်လုပ်ပေးမဲ့သူတွေတွေ့ဆုံပြီး အလုပ်လုပ်နေကြတာ လွတ်လပ်တဲ့အလုပ်အကိုင်ပမာဏ၅သန်းလောက်ရှိပြီး နှစ်စဉ်ဝင်ငွေ စုစုပေါင်း ဒေါ်လာတစ်ဘီလျံလောက်ရှိပါသတဲ့။ ပိုတိုးလာဦမယ့်အလားအလာလည်းရှိနေပါတယ်။ ဟာဒါအမေရိကန်မှာဖြစ်နေတာပါ တို့ဆီမှာဝေးပါသေ...